ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

• (ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်

Sunday, November 27, 2011

Mitral incompetence နှလုံးရောဂါတမျိုး

Oct 1, 2011 at 11:56 PM
ကျနော့်ရဲ့ ချစ်သူမှာ နှလုံးသွေးကြော ကျယ်နေတဲ့ရောဂါ ဖြစ်နေပါတယ်။ မြန်မာပြည်မှာ နေစဉ်တုန်းကတော့ ရိုးရိုးနှလုံးရောဂါလို့ပဲ ထင်ခဲ့ပေမယ့် အခု နိုင်ငံရပ်ခြားရောက်မှ ရောဂါက ပိုဆိုးလာတယ်။ ရပ်တည်ဖို့ အလုပ်လုပ်ရတယ်ပေါ့ ဆရာရယ်။ အလုပ်လုပ်တော့ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာတွေမှာ ဖိအားတွေ ရှိတာပေါ့။ လုပ်သမျှလည်း ဆေးဖိုးနဲ့ပဲ ကုန်နေတယ်။ မြန်မာပြည် ပြန်ဖို့ကို တိုက်တွန်းတော့လည်း ဒီမှာက အသက်ပိုရှည်မယ်လို့ သူက ထင်နေတယ်။ အကြံဥာဏ်နဲ့ အဲဒီ ရောဂါအတွက် ကုထုံးတွေ ဆောင်ရန် ရှောင်ရန်တွေကို သိချင်လို့ပါ။

အခုရောက်နေတာက (့) နိုင်ငံမှာပါ။ ကျန်းမာရေးအတွက် အာမခံကဒ်မရှိတော့ အတော်ကုန်ပါတယ်။ မျှော်လင့်ချက် နည်းနေတဲ့ ရောဂါဆိုပေမယ့် ဘဝမှာ ကြာကြာလေး နေချင်သေးတဲ့အတွက် တတ်နိုင်သလောက် ကူညီပေးပါ။ အသက် ၃၅ နှစ်၊ အိမ်ထောင် မရှိပါဘူး။ ရောဂါသည်းလာရင် ဂုတ်မှာချွေးတွေ စီးထန်နေအောင် ထွက်တယ်။ စိတ်လှုပ်ရှားစရာ တခုခုတွေ့ရင် ရင်ဘက်တွေ အောင့်လာတယ်လို့တော့ ပြောပြီး၊ စားချင်စိတ်မရှိဘူး အန်ချင်လာတယ်။ လေတွေ တတ်တတ်လာတယ်။ တခါတရံ ရေအိမ်ဝင်ရင်း ထဖြစ်ချင်ဖြစ်နေတော့ ကျနော်တို့ ပြန်ချင်တယ်။ ပျောက်နိုင်မလား။ ခွဲရစိတ်ရမယ် ဆိုရင်လည်း ရာခိုင်နှုန်း ဘယ်လောက်ထိ အောင်မြင်နိုင်မလဲပေါ့နော်။ ဘယ်လောက် ကုန်ကျနိုင်မလဲ ဆိုတာတွေပါ သိချင်လို့ပါ။

နှလုံးရောဂါ အမျိုးမျိုးရှိတယ်။ သွေးကြောဆိုရင် ကျဉ်းတာဘဲ Ischemic heart disease (IHD) ဖြစ်တယ်။ ကျယ်တယ်ဆိုတာ နှလုံး အဆို့ရှင် Valve ဖြစ်မယ်။ အဆို့ရှင်မှာ ကျဉ်းတာ နဲ့ ကျယ်တာ ၂ မျိုးရှိတယ်။ ကျဉ်းတာကို MS ခေဲးပီး၊ ကျယ်တာကို Mitral incompetence (MI) နဲ့ Mitral insufficiency လို့ ခေါ်တယ်။ Mitral Regurgitation လို့လဲ ခေါ်ကြတယ်။

Mitral Valve (မိုင်ထရယ်-ဗာ့လ်ဖ်) ဆိုတာ နှလုံး-အဆို့ရှင် ၄ ခုထဲက ဘယ်ဘက် အထက်ခန်းနဲ့ အောက်ခန်း ကြားကဟာကို ခေါ်တယ်။ အဖတ်လေး ၂ ခုရှိတယ်။ အဲဒါက ပိတ်ချိန်မှာ မလုံတော့တာ။ ဒီတော့ သွေးတွေက နှလုံးကို ညှစ်လိုက်ရင် အောက်ခန်းက သွေးတွေ အထက်ခန်းဆီ တက်ပြီး၊ မရောရမှာက ရောလာမယ်။ ကြာတော့ Enlarged heart နှလုံး ကြီးလာမယ် Congestive heart failure နှလုံး အလုပ်မလုပ်နိုင် ဖြစ်လာမယ်။

ဖွံ့ဖြိုးမှု မများသေးတဲ့ နေရာတွေမှာ Rheumatic fever (ရူမက်တစ်) လေးဘက်နာ-အဖျားကနေ ဒီလိုရောဂါ အများဆုံး ဖြစ်ရတယ်။ Rheumatic heart disease (ရူမက်တစ်) နှလုံးရောဂါလို့ ခေါ်တယ်။ နောက်ပြီး Mitral valve prolapse (မိုင်ထရယ်-ဗာ့လ်ဖ်) အဆို့ရှင် ကျွံတာ၊ Infective endocarditis (IE) ဗက်တီးရီးယားကြောင့် နှလုံးကြွက်သားရောင်တာ၊ Congenital heart abnormality မွေးရာပါ နှလုံးရောဂါ တွေကနေလဲ ဆက်ဖြစ်လာနိုင်တယ်။

ချမ်းသာတဲ့ နိုင်ငံတွေမှာတော့ လေးဘက်နာကနေ ဆက်ဖြစ်တာက ၄ဝ% ရှိတယ်။ နောက်ပိုင်းမှာ Mitral valve prolapse (MVP) က ၄၅% နဲ့ ပိုများလာတယ်။ အသက် ၂ဝ အောက်မှာ ယောက်ျားလေးတွေက ပိုဖြစ်တယ်။ အသက် ၅ဝ ကျော်ရင်လဲ ယောက်ျားတွေမှာ ဒီရောဂါဖြစ်ရင် ပိုဆိုးတယ်။ လူကြီး ၇ဝ% လောက်မှာ နဲနဲတော့ ဒီလို အဆို့ရှင်မလုံတာ ဖြစ်လာတယ်။ အသက် ၅၅ ကျော်လာရင် လူ ၅ ယောက်မှာ ၁ ယောက် ဖြစ်လာတယ်လို့ Mayo Clinic က ဆိုတယ်။

တချို့မှာ လက္ခဏာတွေ မခံစားရဘဲ ရောဂါသာရှိနေမယ်။ တချို့မှာ ရုတ်တရက် ဆိုးလာတယ်။
- Shortness of breath အသက်ရှူမဝ၊ အထူးသဖြင့် လေ့ကျင့်ခန်းလုပ်ရင်၊ အလုပ်ပင်ပန်းရင်၊
- Fatigue အားကုန်မယ်၊ အထူးသဖြင့် လေ့ကျင့်ခန်းလုပ်ရင်၊
- Cough ချောင်းဆိုးမယ်၊ ညပိုင်း ပိုဆိုးတယ်၊
- Heart palpitations, atrial fibrillation နှလုံးခုန်နေတာ သိနေမယ်။ ရင်တုံတယ်၊
- Swollen feet ခြေထောက် ရောင်မယ်၊
- Heart murmur နှလုံးကို နားထောင်ရင် မမှန်တဲ့အသံ ကြားရမယ်၊ ကြောင်ကို လက်နဲ့ ကိုင်ကြည့်ရင် ခံစားရသလိုမျိုး ဖြစ်တယ်၊
- Excessive urination ဆီးများမယ်၊
- Chest pain ရင်ပတ်နေရာ နာမယ်၊ နှလုံးသွေးကြောကျဉ်းလို့ နာတာနဲ့ မတူဘူး၊
- Rapid breathing အသက်ရှူမြန်မယ်။

နားကြပ်နဲ့ နားထောင်ရင် Classic murmur (မာမာ) အသံ ကြားရမယ်။ High-pitched holosystolic murmur အသံမျိုးကို နှလုံးခုန်သံ နံပါတ် ၁ မှာ စပြီး နံပါတ် ၂ အထိ ကြားရမယ်။ ချိုင်းအထိ အသံလှိုင်းကူးတယ်။ ဆိုးလာသူတွေမှာ နှလုံးခုန်သံ နံပါတ် ၃ တခု တိုးလာမယ်။ Mitral valve prolapse ဖြစ်နေသူမှာ Mid-to-late systolic click နဲ့ Late systolic murmur ကိုပါ ကြားရနိုင်တယ်။

- Chest x-ray ရင်ပတ် ဓါတ်မှန်၊
- Echocardiogram ECG (အီးစီဂျီ)
- MRI, Stress echo or Chest MRI scan (အင်မ်-အာရ်-အိုင်)
- Color flow Doppler exam (ဒေါ့ပလာ)
- CT scan of the chest (စီတီ-စကင်န်)
- Radionuclide scans (ရေဒီယိုနူကလိုက်-စကင်န်)
- Transesophageal echocardiogram (TEE) (တီ-အီး-အီး)
- Cardiac catheterization နှလုံးထဲ ပိုက်လေးထည့် စမ်းတာတွေလဲ လုပ်မယ်။

Compensated phase အစောပိုင်းမှာ လူက သိပ်မခံစားရသေးဘူး။ နောက်ပိုင်းမှာ -
- Left ventricle နှလုံးဘယ်ဘက်-အောက်ခန်း ကြီးလာနေမယ်။ ခွဲစရာ မလိုသေးပါ။
- Transitional phase ဆက်ဖြစ်လာရင် Heart muscle နှလုံးကြွက်သားတွေ အလုပ်မလုပ်နိုင်တာမျိုးဖြစ်လာမယ်။
- Fatigue အားယုတ်လာမယ်၊ လေ့ကျင့်ခန်းမလုပ်နိုင်၊ အရင်လို တက်ကြွမှုမျိုး မလုပ်နိုင်ဖြစ်လာမယ်၊
- Short of breath အသက်ရှူမဝ ဖြစ်လာမယ်။ ခွဲစိတ်ဘို့ လိုလာပြီ။

Decompensated phase အဆင့် တက်လာမယ် -
- Chronic mitral regurgitation နာတာရှည် ဖြစ်လာမယ်၊
- Abnormal heart rhythms, atrial fibrillation နှလုံးခုန်တာ စီးချက်မမှန်တာ၊
- Blood clots သွေးခဲက တနေရာရာကို သွားပိတ်တာ၊
- Pulmonary edema အဆုပ် ရုတ်ရက်ရောင်တာ၊
- Pulmonary hypertension အဆုပ်သွား သွေးကြောထဲမှာ ဖိအားများလာတာ၊
- Stroke နှလုံး (စထုပ်ခ်) ရတာ၊
- Valve infection နှလုံးအဆို့ရှင်ကို ပိုးဝင်တာ၊
- Left ventricle နှလုံး ဘယ်ဘက် အောက်ခန်းသာမကဘဲ၊ Left atrium ဘယ်ဘက်အထက်ခန်းပါ ကြီးလာတာ၊
- Heart failure နှလုံး အလုပ်နိုင်အောင် မလုပ်နိုင်တော့တာ။

Treatment ရောဂါလက္ခဏာ ဆိုးသူကို ဆေးရုံတင် ကုသရမယ်။
- Chronic mitral regurgitation နာတာရှည် ဖြစ်နေသူတွေကို Vasodilators သွေးကြောကျယ်ဆေး ပေးထားမယ်။ ACE inhibitors နဲ့ Hydralazine ဆေးတွေဖြစ်တယ်။
- Hypertension သွေးတိုး ရှိနေတတ်တယ်။ အပြင်းအထံနည်းသုံး ကုသရတယ်။ Diuretics သွေးထုထည် နည်းစေအာင် ဆီးဆေး ပေးမယ်၊ ဆားရှောင်ရမယ်။
- သွေးတိုး ရှိသူရော မရှိသူတွေကိုပါ Digoxin (ဒိုင်ဂေါက်ဇင်) နှလုံးခုန်တာ အားကောင်းစေတဲ့ဆေးနဲ့ Antiarrhythmics နှလုံးခုန် မှန်ဆေးပါ ပေးတယ်။
- Mitral valve prolapse အဆို့ရှင် ကျွံတာနဲ့ တွဲနေသူတွေနဲ့ Atrial fibrillation (AF) နှလုံးခုန် မမှန်တာ ရှိနေသူတွေကို Chronic anticoagulation သွေးမခဲစေတဲ့ဆေးကိုပါ ကြာရှည်ပေးတယ်။ Blood thinners သွေးကျဲဆေးပေးမယ်။
- Blood pressure သွေးတိုး များတာကို ထိန်းမရရင် Intra-aortic balloon pump (IABP) ဆိုတာ သုံးမယ်။
- Vasodilators = Nitroprusside, Hydralazine, (ACE) inhibitors ဆေးတွေကို ရေတိုအတွက်သုံးတယ်။ မခွဲစိတ်နိုင်သူတွေကိုတော့ ရေရှည်ပေးမယ်။
- Anticoagulants = Warfarin ဆေးဟာ သွေးမခဲစေဘူး၊ နာတာရှည်သမားတွေ၊ Atrial fibrillation ဖြစ်နေသူတွေ နဲ့ Mechanical heart valve အဆို့ရှင် အစားထိုးထားသူတွေကို ပေးတယ်။

Surgical Treatment ဘယ်တော့ ခွဲစိတ်ကုသရသလဲ။
- လူတိုင်းက Open heart surgery နှလုံးခွဲဘို့ မလိုပါ။ ရောဂါ ဆိုးလာမှသာ ခွဲတယ်။
- Infection ရောဂါပိုးဝင်ရာကနေ ဆိုးဆိုးဝါးဝါး သွေးယိုတာ၊ နှလုံး (အတက်ခ်) ရတာ၊ အဆို့ရှင် တနေရာမှာ စုပ်ပြဲသွားတာတွေဆိုရင် အရေးပေါ် ခွဲစိတ်တာ လုပ်ရမယ်။
- Mitral valve repair ပြုပြင်ပေးနည်း နဲ့ Mitral valve replacement အစားထိုးနည်းတွေ လုပ်တယ်။
- နှလုံးအဆို့ရှင်နားက Papillary muscle ကြွက်သားတမျိုးနဲ့ Chordae tendineae စုတ်ပြဲသွားရင် နဲ့ Acute mitral regurgitation ဖြစ်လာရင် Urgent mitral valve replacement အရေးပေါ် အဆို့ရှင် လဲပေးရမယ်။
- သိပ်မဆိုးသူတွေ ကိုယ်ဝန်ဆောင်၊ ကလေးယူလို့ရတယ်။ အထူသတိထားဘို့တော့ လိုတယ်။

Outlook အလားအလာ
- ဘာကနေ ဖြစ်ရသလဲဆိုတာနဲ့ နှလုံးအဆိုရှင်က ဘယ်လောက် မလုံသလဲအပေါ်မှာ မူတည်တယ်။
- Acute mitral regurgitation ရက်တိုဖြစ်တာကို ဆေးနဲ့ မရတတ်ပါ။ ခွဲစိတ်ရမယ်။
- Abnormal heart rhythms နှလုံးခုန် ပုံမှန်မဖြစ်တာကနေ သေဆုံးတတ်တယ်။
- Heart valve surgery နှလုံးအဆို့ရှင် ခွဲစိတ်မှုရဲ့ အောင်မြင်မှုနှုန်း မြင့်မားတယ်။ ခံစားနေရတာတွေ သက်သာသွားမယ်။ အသက် ပိုရှည်မယ်။
- Artificial valves နှလုံး-အဆို့ရှင် အတုတွေဟာ ၈-၂ဝ နှစ်ခံတယ်။ Blood clots သွေးခဲဖြစ်မှာကို သတိကြီးရမယ်။

Prevention ကာကွယ်နည်း
ပိုးဝင်စေလောက်တာမျိုး တခုခုလုပ်တိုင်း အထူးသတိရှိပါ။ ဥပမာ သွားကိုတခုခုလုပ်ရတာ၊ Antibiotics ပဋိဇီဝဆေး ကြိုတင်သောက်ပါ။
Infective endocarditis နှလုံးကြွက်သားကို ပိုးမဝင်အောင် လုပ်တာ ဖြစ်တယ်။

အစာမစားရင် လေထမှာပေါ့။ တခုခုတော့ စား-သောက်ပါ။ ကုန်ကျစရိတ်ဆိုတာ ကျွန်တော် မသိပါ။ လုပ်ဘူးသူတွေနဲ့ တိုင်ပင်သင့်ပါတယ်။

Dr. တင့်ဆွေ
၂-၁ဝ-၂ဝ၁၁