ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာ ရှိပါက

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ဖြစ်နေတဲ့ လက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။ လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ အိမ်ထောင်၊ ကလေး ရှိ-မရှိ။ နေတဲ့တိုင်းပြည်။ "လူနာမည်၊ နေရပ်လိပ်စာ အတိအကျ ကိစ္စမရှိပါ။" ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည် သာမက Generic name ဆေးနာမည် ထည့်ရေးပါ။ ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ Facebook ကနေ မေးတာလဲ ပြန်ရှာရတာမလွယ်လို့ အဆင်မပြေပါ။ drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။ ဆေးပညာစာတွေ ဖတ်လိုပါရင် မာတိကာ အောက်ဆုံးမှာ ရှိပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://dts-medicaleducation-adult.blogspot.in/ အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://yamunaclinic.org/ ယမုန်နာ ဆေးခန်း
- http://facebook.com/tint.swe.dr Facebook

Saturday, February 18, 2012

Shingles (ရှင်းဂဲလ်)

Sat, Feb 18, 2012 at 2:20 PM
ကျွန်မ ၁၆-၂-၁၂ က စပြီး ရေနွေးစိမ်ပြီးတဲ့ အချိန်၂ နာရီကျော်လောက်မှာ လက်မှာ အရည်ကြည်ဖုလေးတွေပေါက်လာပြီး နာလာတယ်။ ရေယုန်နဲ့တူတယ်။ ညအိပ်ယာဝင်ခါနီး အရည်ကြည်ဖုလေးတွေက သုံးနေရာလောက်မှာ ပြင်လိုက် ပေါ်လာတယ်။ ချိုင်း၊ လက်မောင်းနဲ့ ရင်ဘတ်ပေါ်မှာပါ။ အဲဒီ့နေရာတွေက အပ်နဲ့ထိုးထားသလို စူးပြီး ကိုက်လာတဲ့အတွက် အကိုက်ခဲပျောက်ဆေး သောက်အိပ်တယ်။ မနေ့ကလဲ မပျောက်သေးဘူး။ ကိုက်နေတော့ အရည်ကြည်ဖုတွေကို အပ်နဲ့ ထိုးဖောက်ပြီး အရက်ပြန်အပျော့စား နဲ့ လိုက်ပွတ်တယ်။ ညဘက် အကိုက်ခဲပျောက်ဆေး သောက်လဲ တစ်ညလုံး မအိပ်ရပဲ ကိုက်နေတာပဲ။ ဒီနေ့မနက်တော့ ဆေးခန်း တမ်းသွားပြတယ်။ ဆရာဝန်က အင်္ဂလိပ်လိုလဲ ကောင်းကောင်းမရ၊ ကျွန်မကလဲ (့) လိုလဲ ကောင်းကောင်းမရနဲ့ ကျွန်မ နားလည်သလောက် ပြောရရင်တော့ Shingles virus တဲ့။ အဲဒါ အရမ်းနာမယ်တဲ့။ သောက်ဆေးနဲ့ လူးဆေး ၄ ရက်စာပေးလိုက်တယ်။ အခု နှစ်ကြိမ်သောက်ပြီးပြီ။ အခုထိတော့ ကိုက်နေတုံးပါပဲ။ အဲဒီ့ virus က ဘာကြောင့်ဖြစ်တတ်တာလဲ ဆရာ။ နောက်ပြီး ရေနွေးစိမ်လို့ ဖြစ်တတ်တာလား။ ဘယ်လောက်ကြာကြာ ခံနေရအုံးမှာလဲ။ သမီးလေးက ၈ လဆိုတော့ ကူးမှာကြောက်လို့ အဲဒီနေရာတွေနဲ့ ကလေးကို မထိအောင်ထားနေရတယ်။ ဘာတွေကို ရှောင်ရမလဲ ဆရာ။

အမေရိကားမှာ တနှစ်တနှစ် (ရှင်းဂဲလ်) ဖြစ်သူပေါင်း တသန်းရှိတယ်။ Chickenpox ရေကျောက်ကို ဖြစ်စေတဲ့ Varicella zoster virus (ဗိုင်းရပ်စ်) ကြောင့်ဖြစ်တယ်။ (ရှင်းဂဲလ်) ဆိုတဲ့ ရေကျောက်နဲ့တူတယ်။ Shingles ကို Herpes zoster လဲခေါ်တယ်၊ Zona လို့လဲ ခေါ်တယ်။ ရေယုံကိုလဲ (ရှင်းဂဲလ်) လို့ခေါ်ကြပေမဲ့ လိင်လမ်းရေယုံလို လိင်ကတဆင့် ကူးစက်တာ မဟုတ်ပါ။ ဖြစ်ရင် Skin rash အနီဖုလေးတွေ ပေါက်ပြီး နာတယ်။ အနီပြင်ပျောက်တဲ့နောက်လဲဆက် နာနေတယ်။

Chickenpox ရေကျောက်ပေါက်ဘူးသူ ၂ဝ% ဟာ တချိန်မှာ (ရှင်းဂဲလ်) ဖြစ်လာနိုင်တယ်။ ရေကျောက် ပျောက်သွားပေမဲ့ သူ့ရဲ့ အာရုံကြောစနစ်ထဲမှာ ပိုးတွေက အောင်းနေတတ်တယ်။ တချိန်ချိန်မှာ ဥပမာ စိတ်ဖိအားများတဲ့အချိန်မှာ ဖြစ်တတ်တယ်။ တခါတလေ ဘာလို့ လာဖြစ်လဲ ပြောမရဘူး။ ကလေးငယ်တွေ၊ ကိုယ်ခံအား နည်းသူတွေ၊ ရိုးတွင်းခြင်ဆီ အသစ်လဲရသူတွေမှာ ဖြစ်လာနိုင်ခြေများတယ်။

ရောဂါလက္ခဏာတွေက အနီပြင်မထွက်ခင် ပဌမ ၅ ရက်အတွင်းမှာပေါ်မယ်။ ဖြစ်တဲ့နေရာမှာ ကွက်ပြီးနာတာနဲ့ နီရဲနေတာက သိသာတယ်။ ယားမယ်၊ ကျင်မယ်၊ ပူလောင်မယ်၊ Rash အနီပြင်တွေ ဖြစ်လာမယ်။ ဖျားမယ်၊ ချမ်းမယ်၊ ခေါင်းကိုက်မယ်၊ အစာမကျေဖြစ်မယ်။ Small blisters အရည်ကြည်ဖုတွေ ဖြစ်လာမယ်၊ နောက်မှာ ကွာကျမယ်၊ တက်စေ့တွေ ရောင်နိုင်တယ်။ တချို့မှာ အနီစက်မပေါက်ဘဲ နာတာကိုသာ ခံစားရတာလဲ ဖြစ်နိုင်တယ်။ သူနဲ့ဆိုင်တဲ့ အာရုံကြောတလျှောက် လိုက်ပေါက်မယ်။ အလင်းရောင် ဖြာထွက်သလိုနေတယ်။ အဖုလေးတွေ ပေါက်ရင် အရည်ထွက်လာတယ်။

ပျောက်ရင် အရေခွံကွာကျမယ်။ ၁-၂ ပါတ်နဲ့ ကောင်းသွားသူ များတယ်။ ၃-၄ ပါတ်ထက် မကြာဘူး။ ကျန်းမာရေး ကောင်းနေသူတွေမှာဖြစ်ရင် အမာရွတ်မကျန်ရစ်ဘဲ ပျောက်မယ်။ ယားတာ၊ နာတာလဲ ၁-၂-၃ ပါတ်နဲ့ ပျောက်သွားမယ်။ ကိုယ်ခံအား မကောင်းသူတွေ၊ အသက် ၆ဝ ကျော်တွေ၊ ကင်ဆာဆေး၊ (စဆီရွိုက်) ဆေး သောက်နေရသူတွေ၊ နာတာရှည် စိတ်ဖိအား၊ ရုပ်ဖိအားများသူတွေ၊ HIV ရှိနေသူတွေမှာ ကြာနေနိုင်တယ်။

Cold sores လဲခေါ် Fever blisters အပူကန်တာလဲခေါ်တဲ့ Herpes simplex virus ရေယုံနာနဲ့ခွဲခြားရမယ်။ နောက်တမျိုး ဆင်တာက Poison ivy, Oak, or Sumac ဆို့လို အပင်တွေ၊ အရွက်-အပွင့်တွေနဲ့ မတည့်တာဖြစ်လို့ထွက်တဲ့ Itchy blisters အယားဖုလေးတွေဖြစ်တယ်။ မတူဘူး။

ကူးစက်နိုင်တယ်။ မအေမှာဖြစ်ရင် ကလေးကို ကူးနိုင်တယ်။ ရေကျောက် မပေါက်ဘူးသေးသူ လူရွယ်-လူကြီးကို ကူးစက်နိုင်တယ်။ အရည်ကြည်အဖုလေးတွေ ပေါက်နေပြီး ကွာမကျခင်အထိ သူများကိုကူးစေနိုင်တယ်။

• ဗိုင်းရပ်စ် ဆေးတွေထဲက Acyclovir (Zovirax), Valacyclovir (Valtrex), Famciclovir (Famvir) တွေကို ပေးနိုင်တယ်။ အနီပြင်-ဖုတွေထွက်ပြီး ၇၂ နာရီအတွင်းမှာ ပေးတယ်။ စောပေးတာ ကောင်းတယ်လို့ ဆိုလိုတာပါ။
• နာတာ သက်သာအောင် (စတီရွိုက်) မပါတဲ့ သုံးနေကျ ဆေးတွေ သုံးပါ။ လိုအပ်ရင် ပြင်းတဲ့ အနာသက်သာဆေး သောက်ရမယ်။
• (စတီရွိုက်) ဖြစ်တဲ့ Prednisone (ပရက်နီဆိုလုံး) စားဆေးကို ရောင်တာသက်သာအောင် ပေးနိုင်တယ်။
• ဖြစ်တဲ့နေရာကို သန့်ရှင်းအောင်ထားပါ။ ရေချိုးနိုင်တယ်။ ရေအေးဝတ်တင်ပေးနိုင်တယ်။
• Calamine lotion လိမ်းနိုင်တယ်။ Aluminum acetate solution (Burow's or Domeboro solution) တွေလဲ သုံးနိုင်တယ်။
• အရည်ကြည်ဖုလေးတွေ ပေါက်သွားပြီးနောက် Capsaicin cream (Zostrix) ငရုပ်သီးကနေလုပ်တဲ့လိမ်းဆေး လိမ်းနိုင်တယ်။ နာတာသက်သာစေမယ်။ ထုံဆေး Lidocaine pain patches (Lidoderm) ပါတာကိုလဲ ကပ်နိုင်တယ်။
• နောက်ဆက်တွဲမဖြစ်ဘဲ ပျောက်သွားတာများတယ်။ တချို့မှာ (ဗက်တီးရီးယား) ထပ်ဝင်တာ ခံရနိုင်တယ်။ အဲလိုဖြစ်ရင် ပိုပြီး ရောင်ရမ်းလာတယ်။ နာမယ်။ အဲဒါဆိုရင် Antibiotics ပိုးသေဆေးပေးဘို့ လိုနိုင်တယ်။

မျက်နှာမှာ ဖြစ်နေရင် မျက်စိကို ကူးတတ်တယ်။ Herpes zoster ophthalmicus မျက်စိနာဖြစ်ရင် အမြင်ကိုပါ ထိခိုက်နိုင်တယ်။ ကံဆိုးရင် ဦးနှောက်အာရုံကြောတွေကို ထိခိုက်ခံရနိုင်တယ်။ Ramsay Hunt syndrome ခေါ်တာမှာ Cranial nerves V, IX, and X တွေကိုထိခိုက်တယ်။ အဖျားအနား-အာရုံကြောတွေ၊ နားထိခိုက်တာတွေ ဖြစ်နိုင်တယ်။ အတော်တော့ ရှားပါတယ်။

အများဆုံးဖြစ်ကြရတာကတော့ Postherpetic neuralgia ဖြစ်တယ်။ ပျောက်ပြီးနောက် ဆက်ပြီးနာတာခံစားနေရတယ်။ နာတာက အတော်ဆိုးတယ်။ အသက် ၅ဝ ကျော်တွေပိုဖြစ်တယ်။ ၁ဝ-၁၅% ဖြစ်တယ်။ ဒါကြောင့် အသက်ကြီးသူတွေ ဖြစ်ရင် ဗိုင်းရပ်စ်ဆေးပေးသင့်တယ်။ အဲလိုဖြစ်လို့နာတာအတွက် စိတ်မကျဆေးထဲက Amitriptyline (Elavil) သုံးတယ်။ အတက်သက်သာဆေးဖြစ်တဲ့ Gabapentin (Neurontin), Carbamazepine (Tegretol), Pregabalin (Lyrica) တွေ ကိုလဲ သုံးနိုင်တယ်။ Pregabalin (Lyrica) လဲပေးနိုင်တယ်။ ဆီးချိုကြောင့်ဖြစ်တဲ့ အာရုံကြောရောဂါအတွက် သုံးတဲ့ဆေး ဖြစ်တယ်။

• အလုပ်က နားသင့်တယ်။ အစားအဟာရ ပြည့်အောင်စားပါ။ ကိုယ်လက် လေ့ကျင့်ခန်းလုပ်နိုင်ရင် ကောင်းတယ်။
• Vitamin B12 ကို အစပိုင်းရက်တွေမှာ သောက်ပါ။ နောက်ပိုင်း Vitamin B complex, Vitamin C နဲ့ Calcium ဆက်သောက်ပါ။
• အရပ်သုံးအနေနဲ့ Lemon balm (Melissa officinalis) or Licorice (Glycyrrhiza glabra) and Peppermint (Mentha piperita) လိမ်းဆေးတွေကိုလဲ သုံးကြတယ်။
• အိမ်သုံးနည်းကတော့ Vinegar (ဗနီဂါ) ကို ရေနွေးနွေးနဲ့ ဖျော်ပြီးလိမ်းတာလဲ သက်သာစေတယ်။ (ဗနီဂါ) အဖြူ ဖန်ခွက် လေးပုံတပုံနဲ့ ရေကြက်နွေး ၂ ကွာတ ရောရတယ်။ အနာနေရာကို အဝတ်စိုသုံးပြီး တနေ့ ၂ ခါ ဖိပေးပါ။ အနာနဲ့ထိထားတဲ့ အဝတ်အစား ဖယ်ရှားပြစ်ပါ။
• အနာပျောက်လို့ အရေပြားကွဲအက်တာ သက်သာချင်ရင် Plain petroleum jelly ကို တနေ့ ၃-၄ ကြိမ် လိမ်းနိုင်တယ်။

၂ဝဝ၆ မှာ FDA ကနေ လူကြီးတွေအတွက် ကာကွယ်ဆေးကို အသိအမှတ်ပြုလိုက်တယ်။ Zostavax ခေါ်တယ်။ အရင်က ရေကျောက် ပေါက်ဖူးပြီး၊ အသက် ၆ဝ ကျော်တွေကိုသာ ထိုးရတယ်။ အမှန်က ကလေးတွေကို ထိုးပေးတဲ့ ရေကျောက် ကာကွယ်ဆေးကို အားဖြည့်ထားတဲ့ဆေး ဖြစ်တယ်။ ရောဂါဖြစ်သူတွေမှာ ၆ဝ% ခံစားရတာ သက်သာစေတယ်။ ပျောက်ပြီး ဆက်နာတာကိုလဲ ၆ဝ% မက သက်သာတယ်။ ကိုယ်ဝန်ဆောင်တွေ၊ HIV/AIDS ကိုယ်ခံအား မကောင်းသူတွေ၊ ကင်ဆာဆေး ပေးနေသူတွေကိုတော့ မထိုးရဘူး။ ကလေးတွေကိုတော့ Chickenpox vaccine ရေကျောက် ကာကွယ်ဆေးသာ ထိုးရတယ်။

Acyclovir (Zovirax) (အက်စီကလိုဗာ) ဗိုင်းရပ်စ်အတွက်ဆေး
1. Herpes Zoster (Shingles)
- Acute Treatment of Herpes Zoster (ရှင်ဂဲလ်) ခေါ်တဲ့ ရေယုံလို ကိုယ်ခန္ခာမှာ အတော်နာတဲ့ အနာ = တခါသောက် 800 mg ကို တနေ့ ၃-၄-၅ ကြိမ်၊ ၇-၁ဝ ရက်သောက်ပါ။

2. Genital Herpes
- Genital Herpes လိင်လမ်း ရေယုံ = တခါသောက် 200 mg ကို တနေ့ ၃-၄-၅ ကြိမ်၊ ၇-၁ဝ ရက်သောက်ပါ။
- Chronic Suppressive Therapy for Recurrent Disease ပြန်ပြန်ဖြစ်နေတဲ့ ဗိုင်းရပ်စ်ကြောင့်ဖြစ်တာတွေ = တခါသောက် 400 mg တနေ့ ၂ ကြိမ်၊ ဒါမှမဟုတ် တခါသောက် 200 mg တနေ့ ၃ ကြိမ်၊ ဒါမှမဟုတ် 200 mg တနေ့ ၅ ကြိမ်၊ စုစုပေါင်း ၁-၁၂ လအထိသောက်ပါ။

3. Chickenpox (Varicella)
- Chickenpox ရေကျောက်ရောဂါ = ကလေး အသက် ၂ နှစ်အထက် တခါတိုက် 20 mg/kg တနေ့ ၄ ကြိမ်၊ ၅ ရက်။ ကိုယ်အလေးချိန် 40 kg ကျော်ရင် လူကြီးတွေအတိုင်းပေးပါ။
- Chickenpox ရေကျောက်ရောဂါ = လူကြီး + ကလေး ကိုယ်အလေးချိန် 40 kg ကျော် = တခါသောက် 800 mg တနေ့ ၄ ကြိမ်၊ ၅ ရက်။

Dr. တင့်ဆွေ
၁၈-၂-၂ဝ၁၂