ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာ အတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည် သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာ မေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook Comment မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

• (ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://dts-medicaleducation-adult.blogspot.in/ အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်

Sunday, March 18, 2012

Beauty Questions လှချင်ရက် စက်စက်ယို

• Mustache
မိန်းကလေးတန်မဲ့ နုတ်ခမ်းမွှေး ရေးရေးပေါက်နေသလား၊ မျက်ခုံးမွှေး ဆက်နေသလား၊ မေးဖျားမှာကော သူများထက် အမွှေး ထူနေသလား။ Polycystic ovary syndrome ရောဂါကို စစ်ဆေးပါ။ ရှားပါတယ်။ များတာက မျိုးဗီဇကြောင့် ဖြစ်နိုင်တယ်။ Plucking နုတ်ပြစ်တာ၊ Waxing ဖယောင်သုံးနုတ်တာ နဲ့ Depilatory cream (ခရင်မ်) လိမ်းတာတွေ လုပ်နိုင်တယ်။ Laser hair removal (လေဆာနည်း) နဲ့ Electrolysis လျှပ်စစ်နည်းတွေက ရေရှည်အတွက်ကောင်းမယ်။

• Cellulite
ပေါင်မှာ အဆီပိုဖြစ်တာကို Cottage cheese လို့ တင်စားခေါ်တာကို မိန်းကလေးတွေက မရှိစေချင်ကြဘူး။ ဆိုးတာက Cellulite ဆိုတဲ့ အဆီတွေ ရောင်နေတာဆိုရင် တင်ပါး၊ ပေါင်တွေမှာ Dimpled skin ချိုင့်ခွက်ငယ်လေးတွေ ဖြစ်နေမယ်။ Exercising လေ့ကျင့်ခန်းလုပ်တာ သက်သာနိုင်တယ်။ Cellulite creams လိမ်းဆေးတွေက အသုံးကျလား ပြောမရဘူး။ Caffeine ပါတာဆိုရင် ရေတိုသက်သာစေနိုင်တယ်။

• Blush
အနီစက်တွေ မကြာမကြာ ဘာလို့ပေါ်လဲ။ ရှက်စိတ်ဝင်ချိန်၊ စိတ်အနှောင့်အယှက်ဖြစ်ချိန်တွေမှာ သိသာတယ်။ တကယ်လို့ ပါး၊ နဖူး၊ မေးတွေမှာ အနီစက်က ဖေါင်းကြွကြွလေးတွေဆိုရင် Rosacea ဖြစ်နိုင်တယ်။ Pills စားဆေး Creams (ခရင်မ်) လိမ်းဆေးတွေနဲ့ ကုရတယ်။ လူကြားသူကြား အဖြစ်များတာဆိုရင် Social anxiety disorder စိတ်အခြေအနေ ဖြစ်နေနိုင်တယ်။

• Gray Hair
အသက်လဲမကြီးသေးဘဲ ဆံပင်ဖြူနေသလား။ Thyroid လည်ပင်းကြီးရောဂါ၊ Pigment disorder ရောင်ချယ်ရောဂါ စစ်ပါ။ မဟုတ်ရင် ကိုယ်လို ဆံပင်ဖြူနေတဲ့ မိဘတွေကို မိဘအစစ်တွေလို့ ဂုဏ်ယူလိုက်ပါ။ စိတ်မကောင်းမဖြစ်ပါနဲ့ ဆံပင်သာ ဖြူနေပေမဲ့ တခြားဇီဝစနစ်တွေက အိုသေးတယ်လို့ မပြောနိုင်ပါ။ ရင့်ကျက်တာသာဖြစ်ပါမယ်။

• Pimples
တင်ပါးနေရာ ဝက်ခြံပေါက်သလား။ မဟုတ်လောက်ပါ။ Keratosis pilaris ခေါ်တယ်။ တင်၊ ခါး၊ ပါးတွေ၊ ပေါင်တွေမှာ ဝက်ခြံလို အဖုလေးတွေ ပေါက်တာ အန္တရာယ် မရှိပါ။ ငယ်တုံးပေါက်တာက ၃ဝ ကျော်ရင် ပျောက်ကုန်ပါမယ်။ Intensive moisturizing အရေပြား စိုစွပ်မှုများစေအောင်နည်းနဲ့ သက်သာစေနိုင်တယ်။

• Stretch Marks
အကြောပြတ်တာဘာလို့လဲ။ ကိုယ်ဝန်ဆောင်ရင်၊ ကိုယ်အလေးချိန်တိုးရင်၊ ကိုယ်အလေးချိန်ကျလာရင်ဖြစ်တယ်။ Chemical peels နည်း၊ Laser surgery လေဆာနည်းတွေ လုပ်နိုင်တယ်။ Lotions လိမ်းဆေးနဲ့ Creams (ခရင်မ်) တွေက သိပ်မသေခြာလှဘူး။

• Bad Breath
ခံတွင်းနံ့မကောင်းလို့ရှိရင် တနေ့ သွား ၂ ခါတိုက်ပေးပါ။ နေ့တိုင်း Floss လုပ်ပါ။ မရသေးရင် Gum disease သွားဖုံးရောဂါ၊ Acid reflux အက်စစ်ရည်အထက်ဆန်တာ၊ Dry mouth ခံတွင်းခြောက်တာ၊ Sinus infection (ဆိုင်းနပ်စ်) ရောဂါတွေကို စစ်ဆေးကုသပါ။ Diet စားတဲ့အစာကြောင့်လဲ ဖြစ်တယ်။ သွားတိုက်ဆေး ဘယ်လောက်ကောင်းကောင်း ကြက်သွန်ဖြူ-နီကို မကျော်နိုင်ဘူး။

• Razor Bumps
အမွှေးရိတ်ရာက အမာရွတ်လိုဖြစ်နေရင် အကောင်းဆုံးနည်းက နောက်မရိတ်နဲ့ပေါ့။ Hair removal creams လိမ်းပါ။ Laser treatment လေဆာနဲ့ကုပါ။ မဟုတ်ရင် ရေနွေးနဲ့ ရေချိုးပြီးမှာ Shaving gel ထူထူသုံးပြီးရိတ်ပါ။

• Dark Teeth
သွားတွေက မဖြူတော့ဘူး။ စားတာ သောက်တာတွေဖဲမှာ အရောင်မဲတွေ ပါနေသလား။ ဆေးလိပ်သောက်၊ ဆေးငုံသလား။ အကြိမ်ပိုပြီး သွားတိုက်ပေးပါ။ သွားဖြူဆေး သုံးကြည့်ပါ။ သွားဆရာဝန်ပြပါ။

• Callused Feet
ခြေဖနောင့်တွေ၊ ခြေဖဝါးတွေ ထူနေတယ်။ အပေါ်ယံအရေပြား (ဆဲလ်) တွေ သေသွားတာက ကွာမကျသေးဘဲ စုဝေးနေလို့ ဖြစ်တယ်။ ရေနွေးထဲစိမ်ထားပါ။ Pumice stone ကျောက်တုံးသုံးပြီး ပွတ်တိုက်ပြစ်ပါ။

• Nails Split and Fray
လက်သည်း-ခြေသည်းတွေ မာဆတ်နေလို့ရှိရင် ဆပ်ပြာအပြင်းစား မသုံးပါနဲ့။ Moisturizer သုံးပါ။ ရေသိပ်မထိပါနဲ့။ ဖြူနေ၊ ဝါနေမယ်၊ ပုံပြောင်းနေမယ်ဆိုရင် Fungal infection မှိုရောဂါ ဖြစ်နေမယ်။ Antifungal Creams လိမ်းဆေးသုံးပါ။ မရရင် Prescription pills စားဆေးသောက်ရမယ်။

• Sweat So Much
ချွေးတအားထွက်နေရင် Hyperhidrosis ရောဂါဟုတ်-မဟုတ်စစ်ပါ။ Antiperspirants ဆေး၊ Pills စားဆေး နဲ့ Botox ထိုးတာ လုပ်နိုင်တယ်။
• Losing Hair ဆံပင်ကျွတ်ရင်
Hormonal ဟော်မုန်းအပြောင်းအလွဲ၊ Thyroid problems လည်ပင်းကြီး၊ Pregnancy ကိုယ်ဝန်ဆောင်နဲ့ ဆေးဝါးတချို့ ကနေ ဖြစ်စေနိုင်တယ်။

• Feet Stink
ခြေထောက်နံ့ဆိုးနေတာက Odor-causing bacteria ဗက်တီးရီးယား ဝင်တာဖြစ်နိုင်တယ်။ ခြေထောက် ခြောက်သွေ့ နေပါစေ။ ရှူးဖိနပ် စီးရရင် မကြာစေနဲ့။ ခြေအိပ် ခဏခဏလဲပေးပါ။ Deodorizer သုံးပါ။

• Neck Age
လည်ပင်းအရေးအကြောင်းတွေက လူအိုလာတာပြနေသလား။ လူက ဝရာကနေ ကျလာရင် သိသာမယ်။ Turkey wattle ကြက်ဆင်လည်ပင်းလို့ခေါ်ကြတယ်။ (ဒီအသုံးအနှုန်းက မိန်းမအင်္ဂါကိုညွှန်းတဲ့ ရိုင်းတဲ့-နှိမ်တဲ့အသုံးလဲဖြစ်တယ်။) Botox injections ဆေးထိုးနည်းလုပ်နိုင်တယ်။

• Skin Tags
အရေပြား အသီးလေး။ အဖတ်လေးတွေ များသောအားဖြင့် အသက်ရလို့ဖြစ်ကြတယ်။ ခွဲစိတ်ဖြတ်ထုတ်နိုင်တယ်။ အေးခဲနည်းနဲ့လဲ လုပ်တယ်။

• Spider Veins
သွေးကြော ပြာစိမ်းစိမ်းလေးတွေက ပင့်ကူအိမ်လိုဖြစ်နေလို့ဆိုသူဟာ ကြာကြာရပ် အလုပ်လုပ်ရတဲ့ ကျောင်းဆရာမလား၊ ဈေးရောင်းသူလား၊ သူနာပြုဆရာမလား။ ကိုယ်ဝန်ဆောင်လို့ဖြစ်တာ လူတိုင်းသတိထားမိမယ်။ လူကဝရင်လဲ ဖြစ်မယ်။ မျိုးနဲ့ရိုးနဲ့လဲ ဖြစ်တယ်။ Sclerotherapy ကုသနည်း စမ်းနိုင်တယ်။

• Chapped Lips
နှုတ်ခမ်းကွဲတတ်တာဆိုရင် ရေသောက်နည်းနေသလား။ နှုတ်ခမ်းကို မကိုက်ပါနဲ့။ Petroleum jelly ဓါတ်ဆီအခြေခံ-ဂျယ်လီ၊ Castor seed oil ကြက်ဆူစေ့ဆီပါတဲ့ Lip balm သုံးပါ။ ထောပတ်လဲ လိမ်းနိုင်တယ်။

Dr. တင့်ဆွေ
၁၈-၂-၂ဝ၁၂
၂၄-၈-၂ဝ၁၃