ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာ အတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည် သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာ မေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook Comment မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

• (ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://dts-medicaleducation-adult.blogspot.in/ အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်

Tuesday, March 20, 2012

Cosmetic Procedures လှချင်ရက် စက်စက်ယို (၂)

အခုစာမှာ ရေးတာတွေကို Non-Surgical ခွဲစိတ်ဓါး မလိုဘဲ အလှပြုပြင်နည်းတွေလို့ ခေါ်ပါတယ်။ နည်းတွေအားလုံးက မျက်နှာအတွက် ဖြစ်တယ်။

• Mirror မှန်ကနေ အသက်ရလာတာကို ပြနေတယ်
Wrinkles around the eyes or lips မျက်လုံးဘေးနဲ့ ပါးစပ်ဘေးတွေမှာ ဖြစ်လာတဲ့ အရေးအကြောင်းတွေ၊ Age spots အသက်ရလို့ဖြစ်ရတဲ့ အစက်အပျောက်တွေ၊ Sagging skin အရေပြားတွဲကျတာတွေ ဖြစ်လာတာ မြင်နေရမယ်။ နာရီတို့ ပြက္ခဒိန်တို့ကို နောက်ပြန် လှည့်လို့ လှန်လို့ရတယ်။ ဇာတာနှစ်ကို ခြစ်ပြစ်လို့မရပါ။ ဒါပေမဲ့ ခွဲစိတ်ဓါး မသုံးဘဲ နုပျိုတယ် ထင်ရအောင် လုပ်နိုင်တာတွေ ရှိပါတယ်။

• Botox (ဘိုးတောက်စ်) ဆိုတာ
နဖူးရေတွေ တွန့်နေတာကို Botox နဲ့ Dysport injections ထိုးဆေးနဲ့ လုပ်နိုင်တယ်။ ယာယီသဘောသာ ဖြစ်ပါတယ်။ ဒီဆေးတွေထဲမှာ Botulism bacteria ဗက်တီးရီးယားရဲ့ အဆိပ်ကိုသုံးထားတယ်။ နည်းနည်းလေး ထိုးပေးတာသာ ဖြစ်တယ်။ ဆေးထိုးရတာလဲ နာတယ်လို့ မဟုတ်ပါ။ ထိုးရတာလဲ သိပ်မကြာပါ။

• Botox: Before and After
၃-၇ ရက်ကြာမှ ဆေးတန်ခိုး အကျိုးသိရတယ်။ အရေပြား အတွန့်တွေ အရေးအကြောင်းတွေက ပိုချောလာမယ်။ နဲနဲ ကြာလာရင်တော့ အရင်လိုဘဲ ပြန်ဖြစ်မယ်။ တောက်လျှောက် ကောင်းနေချင်ရင် ၄-၆ လ တခါတော့ ထိုးရတယ်။

• Chemical Peel ဓါတုအခွံခွါနည်း
Acid solution (အက်စစ်) ရည်ကိုသုံးတယ်။ Glycolic acid, Lactic acid, Salicylic acid, Phenol or Trichloroacetic acid (TCA) တွေကို သုံးတယ်။ အရေပြားအပေါ်ယံက မလိုတာတွေကို ခွါထုတ်ပေးမယ်။ ၁၅ မိနစ်သာကြာပါမယ်။ နဲနဲ အနေရခက်တာလောက်သာ ခံရမယ်။ ရက်နဲနဲကြာတော့ အရေပြား အပေါ်ယံလွှာလေး ကွာကျသွားမယ်။ ပိုပြီးချောမွေ့တဲ့၊ ငယ်ရုပ်ဆင်တဲ့၊ အရောင်နုတဲ့ အရေပြားကို မြင်လာရမယ်။

• Chemical Peel: Before and After
ဆက်လုပ်ပေးနေရင် အသက်ရလို့ဖြစ်ရတဲ့ အစက်အပျောက်တွေ၊ မျက်လုံးနဲ့ ပါးစပ်ဘေးက အရေးအကြောင်းတွေ၊ ဝက်ခြံ-အမာရွတ်တွေ၊ တခြား အရေးအကြောင်းတွေကို သက်သာစေမယ်။ Mild peels ပုံမှာပါတာက အပြော့စားနည်းဖြစ်တယ်။ ၂-၃ ပါတ်နေမှ သိသာမယ်။ Deeper peels ခပ်နက်နက်လုပ်နည်းက လုပ်ပြီးစမှာ ဖေါင်းနေတာ၊ ကွာကျတာတွေ ဖြစ်စေပေမဲ့ ရလဒ်ကို မြင်ရတာ ပိုမြန်တယ်။ အလတ်စားလဲရှိတယ်။ ၆ လ တနှစ်တခါ လုပ်နိုင်တယ်။

• Microdermabrasion Basics
ဒီနည်းကလဲ အရေပြား အပေါ်ယံလွှာလေးကို ဖယ်ရှားပေးတာဘဲ။ Sun damage နေလောက်တာ အတော်ခံထားရတာမျိုး လုပ်နိုင်တယ်။ သွေးနဲနဲထွက်စေနိုင်တယ်။ တပါတ်လောက်စောင့်မှ ပိုလှတာမြင်ရမယ်။ Power peel လို့လဲခေါ်တယ်။ ပုံဆောင်ခဲ သေးသေးလေးတွေသုံးတယ်။ အစဉ်းအကြောင်း သေးသေးလေးတွေ၊ ဝက်ခြံအမာရွတ် အသေးစားတွေကိုလဲ လှစေမယ်။

• Microdermabrasion: After
အရေပြား အပေါ်ယံကနေ ဖယ်ထုတ်လိုက်တာတွေကို စုပ်ယူပေးတယ်။ ချက်ချင်းတော့ နေလောင်ထိထားသလို ပန်းနုရောင် ဖြစ်နေပြီး တင်းကြပ်ကြပ်နေမယ်။ ၂၄ နာရီနေရင် ပုံမှန်ဖြစ်လာမယ်။ ၂-၃ လတခါ ၁ဝ ခါအထိ လုပ်ကြတာလဲ ရှိတယ်။

• Thermage အပူလှိုင်းနည်း
အရေပြားတွဲကျနေရင် ဒီနည်းသုံးနိုင်တယ်။ ကရိယာနဲ့ Radio frequency energy ရေဒီယိုလှိုင်းကို သုံးတယ်။ အပူဓါတ်ကြောင့် Collagen (ကိုလာဂျင်) ပိုထွက်လာစေပြီး အရေပြား တင်းလာမယ်။ နဲနဲနာတာတော့ ခံရမယ် ရလဒ် ကောင်းတယ်။

• Thermage: Before and After – Eyelids
Droopy eyelids မျက်ခွံကျနေတာကို အပူလှိုင်းနဲ့ကုပေးထားတယ်။ ချက်ချင်း တိုးတက်လာတယ်။ ၄-၆ လ စောင့်မှ ကောင်းကောင်း သိသာတယ်။
• Nonablative Laser
Fraxel (လေဆာ) နည်း။ အရေပြားရဲ့ အပေါ်ယံလွှာကို မထိခိုက်စေဘဲ အောက်နားကို သက်ရောက်စေမယ်။ Collagen (ကိုလာဂျင်) ပိုထွက်လာစေအောင် လုပ်ပေးမယ်။ အရေးအကြောင်းတွေ သက်သာမယ်။ အရေပြား တင်းမာလာစေမယ်။ နဲနဲတော့ နာမယ်။ ထုံဆေးသုံးတယ်။

• Nonablative Laser: Before and After
Skin tone အရေပြား တင်းအား နဲ့ Texture ထိကိုင်ရတာ ကောင်းစေဘို့ရာအတွက် သုံးတယ်။ အလုပ်မပျက်ဘူး။ လတွေခြာပြီး ၄-၅ ခါလုပ်ပါ။

• Nonablative Laser for Melasma
ကိုယ်ဝန်ဆောင်ရင် ဖြစ်တတ်တဲ့ တင်းတိတ်ကို ဒီနည်းနဲ့လုပ်တာ ကောင်းတယ်။ Fraxel laser (လေဆာ) နည်းဖြစ်တယ်။

• Diode Laser (ဒိုင်အုတ်-လေဆာ) နည်း
Severe acne သိပ်ဆိုးတဲ့ ဝက်ခြံပေါက်ရင် (ဒိုင်အုတ်-လေဆာ) နည်း နဲ့ ကုနိုင်တယ်။ အဆီထွက်ပေးတဲ့ (ဆဲလ်) တွေကို ဖျက်ဆီးပေးတယ်။ Fraxel (လေဆာ) နည်းလိုဘဲ အရေပြားရဲ့ အပေါ်ယံလွှာကို မထိခိုက်စေဘဲ အောက်နားကို သက်ရောက်စေမယ်။ ခဏတော့ နီပြီး နဲနဲရောင်နေအုံးမယ်။

• Diode Laser: Before and After
မကြာမကြာ လုပ်ပေးရတယ်။ သိသိသာသာ ကောင်းလာတာ တွေ့မှာပါ။

• Intense Pulsed Light (IPL)
(လေဆာ) နည်းတွေလိုဘဲ အရေပြားရဲ့ အပေါ်ယံလွှာကို မထိခိုက်စေဘဲ အောက်နား Dermis (ဒါးမစ်စ်) လွှာကို သက်ရောက်စေမယ်။ အလင်းရောင်-လှိုင်းတိုကို သုံးတယ်။ မလိုတဲ့ (ဆဲလ်) တွေကို အပူပေးပြီးဖျက်ဆီးပေးတယ်။ အသစ်ပေါက်လာစေမယ်။ (လေဆာ) နဲ့မတူတာက အရေပြား မကောင်းနေတာ တမျိုးမကအတွက် သုံးနိုင်တယ်။ နာတာလဲ နည်းတယ်။

• IPL: Before and After
Rosacea မျက်နှာနီမြန်းနေတာကို သက်သာစေမယ်။ မျက်ဝန်းဘေးက သွေးကြောလေးတွေကနေ ဖြစ်စေတဲ့ အရောင်နု အဝိုင်းတွေကိုလဲ လုပ်ပေးနိုင်တယ်။ ထပ်ထပ်လုပ်ရတယ်။ Pigmentation အရောင်ရင့်နေတာ၊ အသက်ရလို့ ဖြစ်ရတဲ့ အစက်အပျောက်တွေကိုလဲ လုပ်နိုင်တယ်။ (ကိုလာဂျင်) ကို ထုတ်လာအောင် လုပ်ပေးတာမို့ အရေးအကြောင်းတွေလဲ သက်သာစေမယ်။

• Cosmetic Filler
Facial wrinkles and folds မျက်နှာ အရေးအကြောင်းတွေ၊ အတွန့်တွေကို သက်သောအောင် လုပ်ပေးတယ်။ ဒါတွေအောက်က (တစ်ရှူး) တွေကို များစေအာင်လုပ်တာ ဖြည့်ပေးတာဖြစ်တယ်။ ဖြစ်တဲ့နေရာက် အေသအခြာ ထိုးပေရတယ်။ Collagen (ကိုလာဂျင်) ကို ထိုးတာပါ။ နောက်ပြီး Hyaluronic acid, Calcium hydroxyapatite, Poly-L-lactic acid, Polymethylmethacrylate beads တွေကိုလဲသုံးတယ်။ ဗိုက်တို့ ပေါင်တို့က ကိုယ့်အဆီကိုယူပြီး ထိုးပေးနည်းလဲ လုပ်သေးတယ်။

• Cosmetic Filler: Before and After
ပုံမှာ Hyaluronic acid injection ထိုးပေးထာတယ်။ အနည်းဆုံး ၉ လ အထိခံတယ်။ Collagen injections ထိုးရင် ၃-၇ လ တခါလုပ်သင့်တယ်။ Fat cells ထိုးတာက တခါထဲနဲ့ပြီးနိုင်တယ်။ Polymethylmethacrylate နဲ့ PMMA တွေထိုးရင်လဲ ရာသက်ပန် ကောင်းစေနိုင်တယ်။

• Cosmetic Filler: Beyond Wrinkles
ခုခေတ်မှာ ဖြည့်ပေးနည်းက ပိုပြီး ရှုတ်ထွေးတာကို သုံးနိုင်လာတယ်။ Fine lines အရေးအကြောင်းတွေ Wrinkles အတွန့်တွေကို သက်သာစေတယ်။ ပုံမှာ ပါးခွက်နေတဲ့ အမျိုးသမီးတဦးကို ဖြည့်ပေးနည်းနဲ့ ပိုလှလာအောင် လုပ်ပေးထားတယ်။

• Cosmetic Filler for Dark Circles: Before and After
Tired-looking bags ပင်ပန်းနွမ်းနယ်နေသလို ထင်ရစေတဲ့ မျက်လုံးဘေးက အနက်ဝိုင်းဖြစ်နေတာကို ဖြည့်ပေးနည်းနဲ့ ဖယ်ရှားပေးထားတယ်။

• Making the Decision အကောင်းဆုံးနည်းကို ဆုံးဖြတ်နိုင်ပါစေ
ဆေးကုနည်းမှန်သမျှ ခြောက်ပြစ်ကင်းဆိုတာ မရှိပါ။ အနည်းနဲ့အများ သတိထားစရာတွေ ရှိပါတယ်။ ကံမသင့်သူတွေက ဆေးမတည့်တာ (အလာဂျီ) ဖြစ်စေနိုင်တယ်။ Chemical peels နဲ့ Microdermabrasion နည်းတွေက အမာရွတ် ထင်နေနိုင်တယ်။ အကျိုးနဲ့ အပြစ်တွေ ချင့်ချိန်ပါ။ အထူးကုဆရာဝန်နဲ့ တိုင်ပင်ပါ။ အကောင်းတကာ့ အကောင်းဆုံးနည်းကို ရွေးပါ။ ပိုလှကြပါစေ။

Dr. တင့်ဆွေ
၂ဝ-၃-၂ဝ၁၂