Mon, Mar 19, 2012 at 10:35 PM
ကျမ (့) က အသက် ၂၇ နှစ်၊ အိမ်ထောင် မရှိပါ။ လောလောဆယ် နိုင်ငံရပ်ခြားမှာ နေပါတယ်။ စစဖြစ်တာ ၂ဝဝ၁ တုန်းကမှပါ။ အဲတုန်းက စာတွေ အရမ်းကျက် စိတ်ဖိစီးလွန်း ပြီးတော့ ဆောင်းတွင်းညမှာ စာကျက်ရင်း အိပ်ပျော်သွားပြီး နိုးလာတော့ တက်တာလား လေငန်းလား ဘာလားတော့ မသိဘူး ပါးတွေရွဲ့ မျက်ဖြူလန်ပြီး စကားပြောလို့ မရဘူး။ သူများပြောနေ လူပ်နိုးနေတာတော့ သိတယ်။ ဘာမှ ပြန်မပြောနိုင်ဘူး။
အဲလိုတက်ပြီး လူက ကောင်းကောင်း အသိပြန်လည်လာပြီဆိုရင် (ကန်တော့နော်) အိမ်သာ အရမ်း တက်ချင်လာတယ်။ ခုလဲ အိမ်သာနည်းနည်း တက်ချင်လို့ မအားသေးတာတို့ ဘာတို့ ဆိုရင် တက်ချင်သလိုလို ဖြစ်လာတယ်။ စစဖြစ်ပြီး အဲတုန်းက ဆရာဝန်ပြတော့ Zeptol 200 (Carbamazepine tablets) ကို နှစ်နှစ် သောက်ခိုင်းတယ်။ စုစုပေါင်းကြာချိန် ၃ နစ်နီးပါး လောက်ရှိပါတယ်။ ကြောက်လို့ ဆက်သောက်နေတာလဲ ပါတာပေါ့။ ကိုယ့်ကို သိတာက အရမ်း စိတ်ဆင်းရဲလာရင် တက်တယ်။ တက်ခါနီးရင် တကိုယ်လုံး ပေါ့လာတယ်။ ဘာမှ မြဲမြဲဆုပ်လို့ ကိုင်လို့ မရတော့ဘူး။ ပေါ့ပါးပြီးတော့ ဘိုင်းခနဲလဲတော့တာပဲ။ စိတ်အရမ်း တင်းထားပြီးတော့ အသက်ဝဝ ရှူလိုက်ရင် ဘာသံမှ မကြားတဲ့နေရာ (နားအတင်းပိတ်ထားရတယ်) သွားလိုက်ရင်တော့ ထိန်းလို့ရသွားတယ်။ မတက်တော့ဘူး။ ဒါပေမယ့် တခါတလေ အရမ်း စိတ်ပင်ပန်းလာရင် အသံတွေ ဆူဆူညံညံ ဝုန်းဝုန်း ဒိုင်းဒိုင်းဆိုရင် နှလုံးခုန်နှုန်း အရမ်း မြန်လာပြီးတော့ တက်ချင်သလိုလိုဖြစ်လာတယ်။ အရမ်းနုံးသွားပြီးတော့ အားမရှိသလို ခံစားရတယ်။
အဲဆေးကိုလဲ သွားလေရာ ကိုယ်နဲ့မကွာ ပါသွားရတယ်။ စိတ်နည်းနည်း နောက်လာပြီ ရင်တုန်လာပြီဆိုရင် ဆေးကို အရမ်း သောက်ပစ်ချင်လာတယ်။ မသောက်တာတော့ လေးငါး နှစ်လောက်ရှိပြီ။ အဲဒီရောဂါ မဖြစ်တာလဲ ခြောက်နှစ်လောက် ရှိသွားပြီ။ သိချင်တာက ဘာလို့ အိမ်သာ သွားချင်တဲ့ စိတ်ပေါ်လာရင် တက်ချင်သလို မောသလို ဖြစ်လာတာလဲ။
ပြီးတော့ ဒီဟာကို တက်တဲ့ရောဂါလို့ ခေါ်တာလား။ ဆရာဝန်ကတော့ နှလုံးအားနည်းတာလို့ ပြောတယ်။ ဒီက ဆရာဝန်က အဲဆေးကိုပေးတာ Mood disoder တွေကိုပဲ ပေးတဲ့ဆေးလို့ ပြောတယ်။ ဟုတ်နေမလား မသိဘူး။ ဘာလို့လဲဆို တက်ခါနီးဆို စိတ်က ဆောက်တည်ရာမရတော့ဘူး။ စိတ်ငြိမ်အောင်ထားနိုင်ရင်ထား မထားနိုင်ရင် တက်ပြီပဲလေ။ ဒီတော့ သူပြောသလို Mood Disoder များဖြစ်နေမလား၊ ပြီးတော့ အဲဒီဟာကိုစဉ်းစားတိုင်း လူကြား သူကြားထဲတောင် သိပ်မနေရဲလို့ အချိန်တိုင်း ငါ ဘယ်ချိန်သတိလစ်မလဲ တက်မလဲလို့ပဲ စိတ်က တွေးပူနေတော့ အရမ်း ပင်ပန်းရတယ်။ ခုချိန်ထိ အဲဆေးကိုလဲ ဆောင်ထားရတုန်းပဲ။ ဒီလိုရောဂါကို ဘယ်လို ခေါ်သလဲ။ အတက်ရောဂါ ဟုတ် မဟုတ် ပြီးတော့ ဘယ်လို နေသင့်သလဲ။ ဒီဆေးရဲ့ ဘေးထွက်ဆိုးကျိုးကကော ဘယ်လိုလဲဆိုတာ သိချင်ပါတယ်။
Carbamazepine (Carbatrol®, Epitol®, Equetro®, Tegretol®) ဆေးကို Anticonvulsant တက်တာ သက်သာစေတဲ့ဆေးလို့ သတ်မှတ်တယ်။ တက်စေတာနဲ့ နာတာနဲ့ဆိုင်တဲ့ အာရုံကြော သတင်းပေးချက်တွေကို နည်းစေတယ်။ ကိုယ်ဝန်ဆောင်ချိန်မပေးရဘူး။ အထဲက ကလေးကိုထိခိုက်စေနိုင်တယ်။ ရောဂါ ၄ မျိုးအတွက်ပေးတယ်။
1. Epilepsy အတက်ရောဂါ (ဝက်ရူးပြန်ရောဂါ) အစမှာ 200 mg တနေ့ ၂ ကြိမ်၊ နောက်ပိုင်းမှာ တပါတ်တခါ တိုးပေးရတယ်။ ကလေးတွေဆိုရင် ဆေးရည်ကို 100 mg တနေ့ ၄ ကြိမ်၊ 1200 mg/day ထက်မများစေရဘူး။
2. Trigeminal Neuralgia အာရုံကြောရောဂါ 100 mg တနေ့ ၂ ကြိမ်၊ ကလေးတွေဆိုရင် ဆေးရည်ကို 50 mg တနေ့ ၄ ကြိမ်၊ လိုအပ်ရင် တိုးပေးနိုင်တယ်။
3. Bipolar Disorder စိတ်ရောဂါ 200 mg တနေ့ ၂ ကြိမ်၊ ကလေးတွေဆိုရင် ဆေးရည်ကို 100 mg တနေ့ ၄ ကြိမ်၊
4. Diabetic Neuropathy ဆီးချိုကြောင့်ဖြစ်တဲ့ အာရုံကြောရောဂါ 100 mg တနေ့ ၂ ကြိမ်၊ ကလေးတွေဆိုရင် ဆေးရည်ကို 50 mg တနေ့ ၄ ကြိမ်၊ လိုအပ်ရင် တိုးပေးနိုင်တယ်။
Carbamazepine ဘေးထွက်-ဆိုးကျိုးများ
- Anemia or other blood disorders သွေးအားနည်းခြင်း၊
- Unusual bruising or bleeding သွေးထွက်လွယ်ခြင်း၊
- Worsening of seizures တက်တာကို ပိုဆိုးစေခြင်း၊
- Hallucinations သူများ မမြင်-မကြားတာတွေ မြင်-ကြားခြင်း၊
- Depression စိတ်ဓါတ်ကျခြင်း၊
- Suicidal thoughts or behaviors သတ်သေချင်စိဖြစ်ပေါ်ခြင်း၊
- Increased infections or infections that do not go away ရောဂါပိုးဝင်လွယ်ခြင်း၊
- Water retention, swelling ကိုယ်ရောင်ခြင်း၊
- High blood pressure or low blood pressure သွေးဖိအား တက်-ကျခြင်း၊
- Irregular heart rhythm နှလုံးခုန် မမှန်ခြင်း၊
- Jaundice အသားဝါခြင်း၊
- Difficulty passing urine ဆီးအသွားရခက်ခြင်း၊
- Low sodium levels in the blood သွေးထဲမှာ ဆားဓါတ်နည်းခြင်း
Mood Disorders စိတ်မူပြောင်းရောဂါ
အမေရိကားမှာ ၂ဝ% လောက်မယ် တမျိုးမဟုတ်တမျိုး ခံစားနေကြရတယ်။ လေးမျိုး-လေးစားရှိတယ်။
1. Major depression စိတ်ဓါတ် အကြီးအကျယ်ကျခြင်း၊
2. Cyclothymia (Mild form of bipolar disorder) စိတ်နှစ်ခွရောဂါ အနုစား၊
3. SAD (Seasonal Affective Disorder) ရာသီအလိုက်ဖြစ်တဲ့ စိတ်ရောဂါ၊
4. Mania (euphoric, hyperactive, over inflated ego, unrealistic optimism) အစွဲအလမ်းကြီး စိတ်ရောဂါ (ဖြစ်တာထက်ပိုပြီး အကောင်းထင်ခြင်း၊ လိုတာထက်ပိုတက်ကြွနေခြင်း၊ ကိုယ့်ကိုယ်ကိုအထင်ကြီးစိတ်ကဲနေခြင်း၊ မဖြစ်နိုင်တာကို ပိုအကောင်းထင်နေခြင်း၊)
ကုသနည်းတွေ -
- Antidepressant medications စိတ်မကျဆေး၊
- Antipsychotic medications စိတ်ဆေး၊
- Cognitive behavioral therapy စိတ်ကုနည်း၊
- Family therapy မိသားစုအကူအညီ၊
- Group therapy အုပ်စုအကူအညီ၊
- Hospitalization ဆေးရုံတင်ကုသခြင်း၊
- Electroconvulsive therapy လျှပ်စစ်သုံးကုသခြင်း၊
- Light therapy အလင်းရောင်ကုနည်း၊
- Transcranial magnetic stimulation သံလိုက်သုံးကုသခြင်း၊
ဝမ်းသွားချင်စိတ်ဆိုတာ စိတ်ကနေထိန်းလို့ရတဲ့ အာရုံကြောတွေနဲ့ အလိုလိုသက်ရောက်တဲ့ အာရုံကြောတွေ နှစ်မျိုးလုံးက လုပ်စေတာမို့ စိတ်က မသွားသင့်ဘူးထင်နေချိန်မှာ သွားချင်စိတ်ဝင်တာမျိုး ဖြစ်တတ်တယ်။ အခြေအနေ အမျိုးမျိုးကြောင့် အဲလိုဖြစ်စေနိုင်တယ်။ စိတ်ပိုင်းလိုအပ်ချက်ရှိရင်ဖြစ်သလို (အလာဂျီ) ရလို့ ဆက်ဖြစ်တာလဲရှိတယ်။ ကလေးဖွါးခါနီး ကလေးခေါင်းက တိုးလို့လဲ ဖြစ်တယ်။ ဝမ်းသွားစေတဲ့ ဆေးတွေကြောင့်လဲ ဖြစ်တယ်။ ဆေးတချို့ရဲ့ ဘေးထွက်-ဆိုးကျိုး ကြောင့်လဲ ဖြစ်တယ်။ ဝမ်းပျက်စေတဲ့ ရောဂါပိုးတွေကြောင့်လဲ ဖြစ်တယ်။
မေးတဲ့သူမှာ ဘာဖြစ်တယ်လို့ နာမည်တပ်ဘို့ မလုံလောက်သေးပါ။ ဒါပေမဲ့ အကျိုးရှိလောက်မှာကိုတော့ ပြောပါမယ်။ Epilepsy အတက်ရောဂါလို့ ပြောမရပါ။ ဒီရောဂါမျိုးက အကုရခက်တယ်။ ရေးထားတာရှိပါတယ်။ ဆရာဝန်ပေးတဲ့ဆေးက အားကိုးရတာ ကံကောင်းတယ်လို့ မှတ်ပါ။ ကိုယ်ကလဲ ကိုယ်နဲ့မကွာ အားထားချင်စိတ် ဖြစ်နေတာလဲ ကောင်းတဲ့အချက် ဖြစ်တယ်။ ဆေးမှန်သမျှ ဘေးထွက်-ဆိုးကျိုးရှိတယ်။ စာရင်းချ ရေးပြာတာတွေ အားလုံး ငါ့မှာဖြစ်တော့မှာဘဲ မထင်ပါနဲ့။ ကိုယ်တိုင် နှစ်နဲ့ချီသောက်ဘူးလို့ ကိုယ်နဲ့ဆိုငတာကို သိမှာပါ။ အဆိုးကြီးနဲ့ အဆိုးလေး လဲရတာ တန်ပါတယ်။ စိတ်ဝေဒနာ ဆိုတာ လူတိုင်းမှာရှိတယ်။ တချိန်မဟုတ် တချိန် ဖြစ်နေကြတာချည်းဘဲ။ စိတ်နဲ့ပြင်ယူနိုင်ရင် အကောင်းဆုံးဘဲ။
လူလွတ်၊ မိန်းကလေး၊ နေရပ်က အဝေးမှာဆိုတော့ တဖက်ကတွက်ရင် အားငယ်ချင်စရာချည်းဘဲ။ အဲလို မယူဆဆပါနဲ့။ ငါ အခုအသက်အရွယ်အထိ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်လာနိုင်သူဖြစ်တယ်။ HIV လိုကုမရတဲ့ ရောဂါကြီးတွေ မရှိဘူး။ STD လို ကူးစက်ရောဂါတွေလဲ မရှိဘူး။ ဖြစ်လာရင် အားကိုးစရာ ဆေးကိုလဲ ငါသိတယ်။ ဆေးမသောက်ရတာတောင် ကြာလှပြီကော။ ဖြစ်လာနိုင်တဲ့ အခြေအနေတွေကိုလဲ ငါ့ကိုယ်တိုင်ခံစားပြီး သိတာမို့ ဝက်ရူးပြန်ရောဂါလို သစ်ပင်တက်ရင်း၊ မီးလှုံရင်း၊ ရေကူးရင်း ဖြစ်စေမှာ မဟုတ်ဘူး။ နောက်ပြီး နှလုံးတုန်တာ လူတိုင်း တခါတခါ ဖြစ်တာဘဲ။ ဆေးမလိုဘဲ ပြန်ကောင်းတာက များတယ်။
Dr. တင့်ဆွေ
၂၇-၃-၂ဝ၁၂
ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာ ရှိပါက
ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ဖြစ်နေတဲ့ လက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။ လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ အိမ်ထောင်၊ ကလေး ရှိ-မရှိ။ နေတဲ့တိုင်းပြည်။ "လူနာမည်၊ နေရပ်လိပ်စာ အတိအကျ ကိစ္စမရှိပါ။" ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည် သာမက Generic name ဆေးနာမည် ထည့်ရေးပါ။ ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ Facebook ကနေ မေးတာလဲ ပြန်ရှာရတာမလွယ်လို့ အဆင်မပြေပါ။ drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။ ဆေးပညာစာတွေ ဖတ်လိုပါရင် မာတိကာ အောက်ဆုံးမှာ ရှိပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://dts-medicaleducation-adult.blogspot.in/ အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://yamunaclinic.org/ ယမုန်နာ ဆေးခန်း
- http://facebook.com/tint.swe.dr Facebook
ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ဖြစ်နေတဲ့ လက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။ လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ အိမ်ထောင်၊ ကလေး ရှိ-မရှိ။ နေတဲ့တိုင်းပြည်။ "လူနာမည်၊ နေရပ်လိပ်စာ အတိအကျ ကိစ္စမရှိပါ။" ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည် သာမက Generic name ဆေးနာမည် ထည့်ရေးပါ။ ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ Facebook ကနေ မေးတာလဲ ပြန်ရှာရတာမလွယ်လို့ အဆင်မပြေပါ။ drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။ ဆေးပညာစာတွေ ဖတ်လိုပါရင် မာတိကာ အောက်ဆုံးမှာ ရှိပါတယ်။
- http://dts-medicaleducation.
- http://dts-medicaleducation-adult.blogspot.in/ အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ
- http://yamuna-online-clinic.
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://yamunaclinic.org/ ယမုန်နာ ဆေးခန်း
- http://facebook.com/
