ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာ အတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည် သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာ မေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook Comment မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

• (ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://dts-medicaleducation-adult.blogspot.in/ အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်

Monday, April 16, 2012

Common Foot Problems ခြေထောက် ရောဂါများ

မျက်နှာက လှတယ်။ အသားအရေ စိုပြေတယ်။
ဒါနဲ့ မလုံလောက်သေးပါ။ ခြေထောက်ကိုပါ ငုံ့ကြည့်တာလုပ်ဘို့ လိုသေးတယ်။

• Corns and Calluses အသားမာ
ခဏခဏ ထိဖန်များလို့ ဖြစ်တယ်။ အပေါ်ယံအရေပြား ထူလာ၊ မာလာမယ်။ အောက်ထဲက အသားကို အကာအကွယ် ဖြစ်လာစေအောင် လုပ်ပေးနေရတာဖြစ်တယ်။ ဖိတဲ့ဒဏ် ခံရတဲ့နေရာမှာလဲ ဖြစ်မယ်။ ကတော့ပုံရှိတယ်။ အရေပြးထူ ရှိတဲ့ နေရာတိုင်းမှာ ဖြစ်နိုင်တယ်။ ဖိနပ်အနေမတော်တာ စီးရင်လဲ ဖြစ်တယ်။ Moleskin pads အကာ-အဖုံး သုံးနိုင်တယ်။ ခွဲစိတ်ရတာများတယ်။

• Gout ဂေါက်
အဆစ်နာတမျိုးဖြစ်တယ်။ ရုတ်တရက် နာလာမယ်။ နီလာမယ်။ ရောင်လာမယ်။ တင်းကြပ်လာမယ်။ ခြေမမှာ အဖြစ်များတယ်။ ခြေခြင်းဝတ်၊ ဒူးတွေမှာအဖြစ်များတယ်။ သွေးထဲမှာ Uric acid (ယူရစ်) အက်စစ် များနေလို့ဖြစ်တယ်။ အဆစ်မှာ ဒီ Crystals (ခရစ်စတယ်လ်) တွေလာစုဝေးနေမယ်။ အနာသက်သာဆေးတွေ၊ (ယူရစ်) အက်စစ် ကျဆေးတွေ ပေးတယ်။

• Ingrown Toenail ခြေစွယ်ငုတ်ခြင်း
ခြေသည်း အောက်ကအရေပြားထဲ တိုးဝင်နေတာဖြစ်တယ်။ နာမယ်။ နီရဲမယ်။ ရောင်မယ်။ ပိုးဝင်မယ်။ ခြေသည်း ဖြတ်တာ သိပ်တိုသွားရင်၊ အဖြောင့်မဖြတ်ဘဲ အတွင်းထဲ ကုပ်ဝင်အောင်ဖြတ်ရင်၊ ဖိနပ်ကြပ်တာစီးရင်၊ ဖြစ်နိုင်တယ်။ တော်တော်တန်တန် ဖြစ်တာကို ရေနွေးစိမ်ထားပါ။ သန့်ရှင်းရေးလုပ်ပါ။ ဝင်နေတဲ့ ခြေသည်းအောက်မှာ ဝါဂွမ်းခံထားပါ။ လိုအပ်ရင် ခွဲစိတ်ပြုပြင်ပါ။

• Bunion (ဘူနီယွန်)
ခြေမရင်းမှာ အရိုးလိုမာနေတဲ့ အဖု ဖြစ်တယ်။ သူဖြစ်လာလို့ ဖြစ်နေတဲ့ခြေမ တဖက်ကို တိမ်းစောင်းနေလိမ့်မယ်။ အဆစ်နာ ဖြစ်လာရင်၊ ဖိအား သက်ရောက်နေရင် အတော်နာတယ်။ အသားမာ ထပ်ဖြစ်နိုင်တယ်။ အနာသက်သာဆေး သောက်ပါ။ အခုအခံ သုံးပါ။ စပါယ်ရှယ် ဖိနပ်စီးပါ။ ခွါမြင့် မစီးပါနဲ့။ ခွဲစိတ်ပြုပြင်ပါ။

• Plantar Warts ခြေဖဝါးကြွက်နို့
အလွန်ထူထဲပြီး မာနေမယ်။ ကူးစက်နိုင်တယ်။ ဗိုင်းရပ်စ်ကြောင့်ဖြစ်တယ်။ ရေကူးကန်မှာ အတူရေကူးရင် ကူးနိုင်တယ်။ ဆေးမကုလဲ ဘာမှတော့ ဆက်မဖြစ်ပါ။ Salicylic acid လိမ်းနိုင်တယ်။ Burning မီးရှို့ကုနည်း၊ Freezing အေးခဲနည်း၊ Laser therapy လေဆာနည်းနဲ့ Surgical removal ခွဲစိတ်နည်းတွေ သုံးနိုင်တယ်။

• Athlete's Foot အားကစားသမားခြေထောက်
Fungal infection မှိုရောဂါဖြစ်တယ်။ အရေပြားကွာကျမယ်။ ယားမယ်။ ပူလောင်မယ်။ အပူဖူးပေါက်မယ်။ အနာဖြစ်မယ်။ နဲနဲပါးပါး ကူးစက်နိုင်တယ်။ ဖိနပ်မစီးဘဲ လမ်းလျှောက်တာကနေ ကူးလာနိုင်တယ်။ Antifungal lotions ဆေးလိမ်းရတယ်။ စားဆေးလဲပေးမယ်။

• Fungal Nail Infection လက်သည်း-ခြေသည်းမှို
အလွန်သေးငယ်တဲ့မှိုက အကွဲအနာရှိတဲ့ လက်သည်း-ခြေသည်းထဲကို ဝင်နိုင်တယ်။ လက်သည်း-ခြေသည်း ထူလာမယ်။ အရောင်ပြောင်းသွားမယ်။ ကျွတ်ဆတ်လာမယ်။ ဆေးမကုဘဲ မပျောက်ပါ။ ကြာရင် ကုရတာ ပိုခက်ခက်လာမယ်။ ဖြစ်တဲ့နေရာ စိုထိုင်းနေရင် ပိုဆိုးတယ်။ သူများကို ကူးနိုင်တယ်။ Antifungal creams မှိုလိမ်းဆေး-သောက်ဆေးပေးရတယ်။

• Hammertoe တူနဲ့တူတဲ့ခြေချောင်း
ခြေမကြွက်သားတွေ မျှခြေမညီဖြစ်လာရင် နာမယ်။ ရောဂါရမယ်။ တချို့မှာ ပိုဖြစ်နိုင်ခြေများတယ်။ ဖိနပ် အဆင်မပြေတာ စီးရင်လဲ ဖြစ်နိုင်တယ်။ ခြေမ အလည်ဆစ် အဖြစ်များတယ်။ ခွဲစိတ်ပြုပြင်ရတယ်။

• Flatfoot ခြေဖဝါးပြားနေခြင်း
Pes Planus လို့လဲခေါ်တယ်။ ခြေဖဝါးအောက်ခံဟာ ပြားညီမနေရပါ။ အလည်မှာ ခွက်နေရတယ်။ ထိခိုက်ဒဏ်ရာရရင်၊ Rheumatoid arthritis အဆစ်နာဖြစ်ရင် ခြေဖဝါးပြားနေနိုင်တယ်။ ကိုယ်အလေးချိန်များလွန်းတာ၊ ဖိနပ်အနေမတော်တာတွေလဲ ထည့်စဉ်းစားရမယ်။ Foot–strengthening exercises လေ့ကျင့်ခန်း လုပ်နိုင်တယ်။ ဖိနပ်က ခြေဖဝါးခွက်နေတာနဲ့ အနေတော်အောင် လုပ်ထားတာမျိုး ရွေးစီးပါ။

Foot drop ဆိုတဲ့ရောဂါ နဲ့ မတူပါ။
လူတွေ လမ်းလျှောက်တာ သေခြာကြည့်ဘူးပါသလား။ ခါးနွဲ့တာ၊ တင်လှုတ်ကို ပြောတာ မဟုတ်ပါ။ ခြေထောက်က မြေကြီးကို ဘယ်လိုထိသလဲ ကြည့်ပါ။ ဖနောင့်ကစ ထိရတယ်။ ခြေဖါး တပြားလုံး ဘတ်ကနည်း တပြိုင်နက်တည်း ချတာမဟုတ်ဘူး။ တကယ်လို့ ခြေဖဝါး ပြားလိုက်ချနေရင် ခြေအဖျားပိုင်းကို မမနိုင်တဲ့ ရောဂါ ရှိနေမယ်။ ဒရွတ်တိုက်ဆွဲနေမယ်။ အခြေခံ အာရုံကြော-ကြွက်သားရောဂါ တခုခုကနေ ဖြစ်လာနိုင်တယ်။ ပြန်ပျာက်သွားတာမျိုးလဲ ရှိတယ်။ မပျောက်တော့တာလဲ ရှိတယ်။

Dr. တင့်ဆွေ
၁၆-၄-၂ဝ၁၂