ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Tuesday, April 10, 2012

Wrinkles မျက်နှာ အရေးအကြောင်းတွေ သက်သာချင်ရင်

Ways to Reduce Wrinkles မျက်နှာ အရေးအကြောင်းတွေ သက်သာချင်ရင်
1. Sleep On Your Back ပက်လက်အိပ်ပါ
American Academy of Dermatology အမေရိကန် အရေပြား အကယ်ဒမီရဲ့ အဆိုအရ ညစဉ်ညတိုင်း အနေအထားတခုမှာ ဆက်တိုက်အိပ်ရင် Sleep lines အိပ်ရေး-စဉ်းကြောင်းတွေ ဖြစ်စေတယ်။ ဘေးတဖက်စောင်းအိပ်ရင်လဲ ပါးနဲ့ မေးတွေမှာ အရေးအကြောင်းတွေ ဖြစ်စေတယ်။ မျက်နှာမှောက်ရက် အိပ်ပြန်ရင်လဲ မျက်မှောင်ကုပ်သလို ဖြစ်လာမယ်။ ဒါကြောင့် အိပ်ရင် ပက်လက်သာအိပ်ပါ။

2. Eat More Fish ငါးစားပေးပါ
အထူးသဖြင့် Salmon (ဆော်လမွန်) ငါးစားပါ။ Cold-water fish ရေအေးရာမှာနေတဲ့ငါးမျိုး ဥပမာ ဥရောပ မြောက်ပိုင်း ပင်လယ်ပြင်နေငါးတွေကို စားသုံးသင့်တယ်။ အဆီနည်းပြီး ပရိုတင်း ကြွယ်ဝတာသာမက နာမည်ကြီး (အိုမီဂါ-သရီး) ပါတယ်။ (အိုမီဂါ-သရီး) ရေးထားပါတယ်။

3. Don't Squint မျက်မှောင်မကုပ်ပါနဲ့
အနီမှုံနေလို့ စာဖတ်တာမှာ လိုအပ်ရင် မျက်မှန်တပ်ပါ။

4. Slather On Alpha-hydroxy Acids (AHAs) အရေပြား (ခရင်မ်) လိမ်းပေးပါ
သဘာဝ သစ်သီးကရတဲ့ Natural fruit acids တွေက အရေပြား မျက်နှာပြင်အပေါ်လွှာက ပျက်စီး-သေဆုံးသွားတဲ့ (ဆဲလ်) တွေကို မြန်မြန်ရှင်းပေးတယ်။

5. Trade Coffee for Cocoa ကော်ဖီ မသောက်ဘဲ (ကိုကိုး) သောက်ပါ
၂ဝဝ၆ Journal of Nutrition အာဟာရဂျာနယ်မှာ ရေးထားတယ်။ (ကိုကိုး) ထဲမှာ ပါတဲ့ Epicatchin နဲ့ Catechin ဓါတ်တွေက အရေပြားကို နေလောင်တာကနေ ကာကွယ်မှုပေးတယ်။

6. Don't Over-Wash Your Face မျက်နှာ ခဏခဏမသစ်ပါနဲ့
University of Maryland Medical Center မေရီလင်း တက္ကသိုလ် ဆေးပညာဌာနအဆိုအရ ရေပိုက်ကလာတဲ့ရေကနေ အရေပြားကို အကာကွယ်ပေးနေတဲ့ Natural barrier oils and Moisture သဘာဝအဆီနဲ့ အစိုဓါတ်ကို ပျက်စီးစေတယ်။ မျက်နှာကို ခဏခဏမသစ်ပါနဲ့။ ဆပ်ပြာမှာ Skin-protecting moisturizers အရေပြားစိုစွပ်စေတာ ပါတာသုံးပါ။ ဆပ်ပြာအစား Facial cleanser ကို သုံးနိုင်ပါတယ်။

7. Topical Vitamin C ဗီတာမင် (စီ) လိမ်းပေးပါ
Tulane University (တူလိန်း) တက္ကသိုလ် လေ့လာမှုအရ ဗီတာမင် (စီ) က Collagen (ကိုလာဂျင်) ထုတ်လုပ်ပေးတာကို အားပေးတယ်။ ဒါကြောင့် အရေပြားကို UVA နဲ့ UVB rays ရောင်ခြည်တွေရဲ့ ထိခိုက်မှုကနေ အကာကွယ်ပေးတယ်။ Pigmentation အစက်အပျောက် ဖြစ်မှာကို နည်းစေတယ်။ Inflammatory skin conditions အရေပြားရောင်နေတာ မြန်မြန် သက်သာစေတယ်။

8. Eat More Soy ပဲပုပ်စားပေးပါ
နေရောင်ကြောင့် ထိခိုက်မှုကနေ ကာကွယ်နိုင်တယ်လို့ ယူဆရတယ်။ European Journal of Nutrition ဥရောပ အာဟာရဂျာနယ် အဆိုအရ Soy-based supplement ပဲပုတ်နဲ့လုပ်တဲ့အစာတွေထဲမှာ Vitamins ဗီတာမင်တွေ၊ Fish protein ငါးကရတဲ့ (ပရိုတင်း)၊ နောက်ပြီး Extracts from white tea, Grapeseed and Tomato အသီးအနှံတွေကနေ ထုတ်တာတွေ ပါတယ်။ ၆ လတာ စားသုံးရင် အရေပြား သိသိသာသာ ကောင်းလာတယ်။

9. Practice Good Skin Care Basics အရေပြားယုယမှုလုပ်ပါ
- Avoid the sun နေရောင်ကို ရှောင်ပါ။
- Wear sunscreen (ဆန်း-စခရင်မ်) သုံးပါ။
- Use moisturizer (မွိုက်ချာရာ) သုံးပါ။
- Don't smoke ဆေးလိပ် မသောက်ပါနဲ့။

Dr. တင့်ဆွေ
၁ဝ-၄-၂ဝ၁၂