ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာ အတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည် သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာ မေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook Comment မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

• (ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://dts-medicaleducation-adult.blogspot.in/ အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်

Wednesday, April 18, 2012

Xenical ဆေးရဲ့ အသုံးပြုပုံလေး သိချင်လို့ပါ

Wed, Apr 18, 2012 at 4:47 PM
ဘယ်လိုသောက်ရမည် ဆိုတာရယ် ဘယ်အသက်အရွယ်လောက်မှ စသောက်ရမလဲ ဆိုတာရယ် Side effect ရှိ-မရှိ ဆိုတာရယ် သိချင်လို့ပါ။ ကျွန်မတို့ဆီက ဆရာဝန်က သောက်ဖို့ ညွှန်းလို့ပါ။ သူငယ်ချင်းတွေလဲ သောက်ကြလို့၊ နောက်ပြီး သမီးလဲ Weight က တက်လာလို့ပါ။ အသက်က ၄ဝ ပေါင်ချိန်က ၁၄ဝ လောက် တက်လာလို့ပါ။

• Orlistat ဆေးကို Xenical နဲ့ Alli နာမည်တွေနဲ့ ရောင်းတယ်။ Tetrahydrolipstatin ဆေးဖြစ်တယ်။ Obesity ကိုယ်အလေးချိန် များနေသူတွေအတွက် ပေးတယ်။
• စားလိုက်တဲ့ အစာထဲမှာ အဆီပါနေတာကို ကိုယ်ကနေ စုပ်ယူတာ မလုပ်အောင် တားပေးမယ်။ (ကယ်လိုရီ) မများစေဘူး။
• ကိုယ်အလေးချိန်ချတာမှာ ဒီဆေးက ထိရောက်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အသင့်အတင့်သာ ရမယ်။
• ဆေးချည်း မဟုတ်ဘဲ ဆရာဝန်ကနေညွှန်သလို အစားအစာ စားနည်းနဲ့ပါတွဲမှ ထိရောက်တယ်။ ကိုယ်လက်လေ့ကျင့်ခန်းလဲ တွဲသင့်တယ်။
• အဲလိုလုပ်နိုင်သူတွေ တနှစ်နေတဲ့အခါ ကိုယ်အလေးချိန် ၂-၃ ကေဂျီ လျှော့စေတယ်လို့ လေ့လာမှုတွေအရ သိရတယ်။ သွေးဖိအား (သွေးတိုး) ကိုလဲ အသင့်အတင့် ချပေးသေးတယ်။ ဆီးချိုဖြစ်လာမှာကိုလဲ တာဆီးတဲ့သဘော ရှိတယ်။
• လေ့လာမှုတခုအရ ဆေးသောက်သူထဲက ၃၅့၅-၅၄့၈% မှာ ကိုယ်ခန္ဓာထုထည် ၅% ကျတယ်။ ၁၆့၎-၂၄့၈% မှာ ကိုယ်ခန္ဓာထုထည် ၁ဝ% ကျတယ်။ ဆေးဖြတ်လိုက်ရင်တော့ ၃၅% မှာ ကိုယ်အလေးချိန်ပြန်တက်တယ်။
• Malabsorption အစာမချက်နိုင်တဲ့ရောဂါ၊ Hypersensitivity ဆေးမတည့်ခြင်း၊ Gallbladder သည်းခြေအိတ် အလုပ်နည်းနေသူ၊ ကိုယ်ဝန်ဆောင်နဲ့ ကလေးနို့တိုက်ချိန်တွေမှာ ဒီဆေးမပေးရပါ။
• Obstructed bile duct သည်းခြေလမ်း မကောင်းသူ၊ Impaired liver function အသည်း မကောင်းသူ နဲ့ Pancreas သရက်ရွက် မကောင်းသူတွေကို သတိထားပေးရတယ်။
• Side effects ဘေးထွက်-ဆိုးကျိုးကတော့ ဆိုးတယ်လို့ ပြောပါရစေ။ ဒါကြောင့် ဆေးကုခြင်းရဲ့ အကျိုးလို့တောင် ပြောကြရတယ်။ ဆိုးကျိုးတွေက ဆေးသောက်စမှာ ပိုသိသာတယ်။ နောက်ဆိုရင် သက်သာလာနိုင်တယ်။
o Steatorrhea ဝမ်းသွားတဲ့အထဲ အဆီတွေပါနေမယ်။ သက်သာအောင် အဆီပါတာ ရှောင်ရမယ်။
o ကျောက်ကပ်ကို ထိခိုက်စေနိုင်သလား ဆန်းစစ်နေတယ်။
o အတွင်းခံ အဝတ်အစားမှာ အဆီစက်ထင်နိုင်တယ်။
o ဝမ်းသွားတဲ့အကြိမ် များနိုင်တယ်။ ပျို့-အန်တာ၊ ဗိုက်အောင့်တာ ဖြစ်နိုင်တယ်။
o ဆီးအရောင်ရင့်နိုင်တယ်။
o အစားပျက်နိုင်တယ်။
• Insulin or diabetes medications ဆီးချိုဆေးတွေ၊ Cyclosporine (Gengraf, Neoral, Sandimmune) ဆေး၊ Digoxin (digitalis, Lanoxin, Lanoxicaps) ဆေး၊ Levothyroxine (Synthroid, Levoxyl, Levothroid) ဆေး၊ Warfarin (Coumadin) ဆေးတွေနဲ့ တွဲသောက်နေရရင် ဆရာဝန်ပြောပါ။
• သိထားဘို့ တခုကတော့ ဗီတာမင်တွေထဲမှာ (အေ)၊ (ဒီ)၊ (အီး) နဲ့ (ကေ) တွေဟာ အဆီမှာ ပျော်ဝင်ကြတယ်။ ဒါကြောင့် Vitamin A, D, E, K နဲ့ beta-carotene ပါတဲ့အားဆေး တနေ့တလုံး ညစဉ်သောက်နေသင့်တယ်။

Dr. တင့်ဆွေ
၁၈-၄-၂ဝ၁၂