ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Thursday, May 31, 2012

Birthmarks ကလေး မွေးရာပါအမှတ်များ

မွေးရာပါအမှတ် အများစုဟာ ဘာအန္တရာယ်မှ မပေးပါ။ နာမည်ကသာ မွေးရာပါ ဆိုပေမဲ့ တချို့အမှတ်တွေ မွေးပြီးမှ ဖြစ်တယ်။ ဥပမာ Hemangioma သွေးရှင်လို့ ခေါ်တာမျိုးက မွေးပြီး ၁-၂ လကြာမှ ဖြစ်လေ့ရှိတယ်။ အမှတ် အများစုဟာ တသက်လုံး ရှိသွားနိုင်တယ်။ တချို့မှာ ကလေး ကြီးလာတာနဲ့ ပျောက်ကုန်မယ်။ အများစုက အန္တရာယ် မပေးဘူးဆိုပေမဲ့ အလှအပအတွက် ကုသဘို့လိုနိုင်တယ်။ အနည်းစုမှာ အခြေခံရောဂါရှိနေနိုင်တယ်။

Cafe au lait spot (Café au lait macules)
ပြင်သစ်နာမည်နဲ့ မွေးရာပါ အမှတ်ဆိုတာ နွားနို့ထည့်ထားတဲ့ကော်ဖီလို့ အဓိပ္ပါယ်ရတယ်။ အညိုရောင်ဖျော့ဖျော့ဖြစ်တယ်။ တကိုယ်လုံး နေရာအနှံ့မှာဖြစ်နိုင်တယ်။ ဆေးကုဘို့မလိုပါ။ အများကြီးဖြစ်နေရင် Neurofibromatosis ဆိုတာနဲ့ ခွဲခြားဘို့ လိုမယ်။

Congenital nevus
မွေးရာပါ မဟာမှဲ့။ ကြီးတယ်၊ မဲနက်နေတယ်။ ဦးရေခွံနဲ့ ကိုယ်ခန္ခာမှာဖြစ်နိုင်တယ်။ တချိန်မှာ Skin cancer ကင်ဆာ ဖြစ်လာမလား ဆေးစစ်နေသင့်တယ်။

Slate gray nevus
ကျောက်သင်ပုန်းရောင်မှဲ့။ Mongolian blue spot လို့လဲခေါ်တယ်။ ရုတ်ရက်ကြည့်ရင် ခိုက်မိလို့ သွေးခြည်ဥနေသလား မှားတတ်တယ်။ အာရှ တိုက်သားထဲက အသားအရေ သိပ်မဖြူတဲ့ကလေးတွေမှာ အဖြစ်များတယ်။ ဆေးကုသဘို့ မလိုပါ။

Port-wine stain
Nevus flammeus လို့လဲခေါ်တယ်။ အရေပြားမှာရှိတဲ့ သွေးကြောမျှဉ်လေးတွေ ပုံမှန်မဟုတ်လို့ ဖြစ်တယ်။ အမှတ်လို့သာ ခေါ်လေ့ရှိတယ်။ ပန်းရောင်ကနေ အနီရောင်ရှိတယ်။ တချို့နေရာမှာ မရမ်းရောင်ဖြစ်နေနိုင်တယ်။ အရောင်ကြည့်ပြီး ပေါ်တူဂီကလာတဲ့ ဝိုင်အရောင်နဲ့ ဆင်လို့ ဒီနာမည်ခေါ်တာဖြစ်တယ်။ ဆေးစာနဲ့ တိတိကျကျ ပြောရရင် Arteriovenous malformation သွေးလွှတ်ကြော-သွေးပြန်ကြော ရောဂါတခုဖြစ်တယ်။ တသက်လုံး ရှိနေလိမ့်မယ်။ Mikhail Gorbachev (မစ်ခေးလ်-ဂိုဘာချော့) ရဲ့ ထူးခြားချက်တခု ဖြစ်တယ်။

Hemangioma
မွေးကာစနောက် တနှစ်သားအထိ ပန်းရောင်ကနေ အနီရောင်ရှိမယ်။ နောက်ပိုင်း အရောင်ပြော့လာမယ်။ ၁ဝ နှစ်သား လောက်ရောက်ရင် အမှတ်အသားလိုသာဖြစ်တော့မယ်။ ပျောက်ချင်ရင် ဒါမှမဟုတ် ကြီးကြီးလာရင်၊ မျက်စိနာဖြစ်နေလို့ မျက်စိကြည့်ရတာကို အနှောက်အရှက်ဖြစ်နေရင် လေတာနည်းနဲ့ကုသနိုင်တယ်။ လည်ချောင်းမှာဖြစ်တာက အစာ မျိုရခက်တာ၊ ပေါင်ခြံနေရာဖြစ်လို့ ဆိုင်တဲ့အလုပ်လုပ်ဘို့ ခက်တာတွေလဲ ရှိနိုင်တယ်။

Salmon patches - stork bites
Nevus flammeus nuchae လို့လဲခေါ်တယ်။ သူများနိုင်ငံတွေမှာ Stork bites ငှက်ကျားကိုက်ခံရတာလို့ပြောလေ့ရှိတယ်။ Angel kisses နတ်ကိုက်တာလို့လဲ ပြောကြတယ်။ ခေါင်းနောက်ဖက် ဆံပင်ပေါက်တဲ့ အောက်ဆုံးမျဉ်း အထက်နာမှာ အဖြစ်များတယ်။ မျက်နှာမှာလဲဖြစ်တယ်။ ပန်းရောင်ကနေ အနီရောင်ရှိတယ်။ အရေပြားမှာရှိတဲ့ သွေးကြောမျှဉ်လေးတွေ ပုံမှန်မဟုတ်လို့ ဖြစ်တယ်။ သွေးရှင်လို့ ခေါ်ကြတယ်။ မျက်နှာမှာအဖြစ်များတယ်။ ကလေးကြီးလာရင် ပျောက်သွားတာ များတယ်။ ဆေးကုဘို့ မလိုပါ။

Dr. တင့်ဆွေ
၃၁-၅-၂ဝ၁၂