ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Sunday, May 6, 2012

Ovulation Test မျိုးဥထွက်တာ သေခြာချင်တယ်

Feb 13, 2011 at 12:59 AM
My wife has a question on regarding Menstruation. She has a little menstruation for 3 days at the middle of menstruation cycle mostly. What can effects be for us? Secondly how can she know when ovulate? Are Ovulation tests accurate?

အမျိုးသမီးတွေ Puberty အရွယ်ရောက်ကတည်းက Menopause သွေးဆုံးတဲ့ အရွယ်အထိ Ovum မျိုးဥကခု လတိုင်း ထွက်တယ်။ ကိုယ်ဝန်ရနိုင်-မရနိုင်ဆိုတာ ဒီမျိုးဥ ထွက်-မထွက်အပေါ် အများကြီး မူတည်တယ်။ ကိုယ်ဝန်မရအောင် တားနည်းတခုဖြစ်တဲ့ ရက်တွက်ပြီး အတူနေနည်းကလဲ ဒီရက်ကို သိမှ စိတ်ချနိုင်တယ်။ အပျိုလေးတွေ အပျိုကြီးတွေ ဖြစ်အုံးတော့ မိန်းမဆိုရင် မိန်းမပီသမှ ကောင်းတယ် မဟုတ်ပါလား။

လစဉ် မျိုးဥထွက်-မထွက် စမ်းသပ်တဲ့ ကရိယာကို Ovulation Predictor Kits လို့ခေါ်တယ်။ ထွက်ပြီး ၂၄ နာရီအထိ ခံတယ်။ လအလယ်မှာ မျိုးဥထွက်တဲ့ Ovulation ဖြစ်ဘို့ Luteinizing hormone (LH) ဟော်မုန်းနဲနဲ ပိုထွက် လာရတယ်။ Ovulation Tests ဆိုတာက ဒါ ဖြစ်-မဖြစ် စမ်းရတာပါ။

• ကိုယ်ဝန် ရှိ-မရှိ စမ်းတဲ့ hCG pregnancy test နဲ့ မတူပါ။ ကိုယ်ဝန်ကို စမ်းရင် မနက်ခင်းသွားတဲ့ ဆီးကို စမ်းတာ ကောင်းပေမဲ့ မျိုးဥထွက်တာ စမ်းရင်တော့ နေ့ ၂ နာရီလောက် သွားတဲ့ဆီးက အကောင်းဆုံးဖြစ်တယ်။ မနက် ၁ဝ နာရီ နောက်ပိုင်းသွားတဲ့ဆီးလဲ ရပါတယ်။
• နေ့ဆက် စမ်းရတာမို့ အချိန်တူမှာ စမ်းပါ။
• ဆီးစမ်းမဲ့အချိန် မတိုင်ခင် ၂ နာရီလောက်မှာ ရေ-အရည် လျော့သောက်ပါ။
• ကိုယ့်ရာသီခွင်ကိုသိပါ။ ရာသီသွေးစဆင်းတဲ့ ပဌမနေ့ကနေ နောက်တလအတွက် ဆင်းမဲ့နေ့ မတိုင်ခင်ရက်အထိ ဖြစ်တယ်။
• စမ်းသပ်မဲ့လ မတိုင်ခင် လအနည်းငယ်အတွင်းက ရာသီခွင်ကို မှတ်ပါ။ ဘယ်ရက်မှာ မျိုးဥ ထွက်နိုင်တယ် ဆိုတာ ခန့်မှန့်နိုင်မယ်။
• LH surge ဟော်မုန်း တက်လာချိန်နောက် ၁၂-၄၈ (ပျမ်းမျှ ၃၆) နာရီအတွင်းမှာ မျိုးဥထွက်ပါမယ်။
• ကလေးရချင်သူများဆိုရင် LH surge ဟော်မုန်း တက်တဲ့ရက်ကနေ ၃ ရက်အတွင်း အတူနေသင့်ကြတယ်။
• ကိုယ်ဝန်ကို စမ်းတဲ့အခါ မျဉ်းကြောင်းက ခပ်မှုံမှုံပေါ်နေတာကိုလဲ အပေါင်းလက္ခဏာလို့ သတ်မှတ်နိုင်ပေမဲ့ မျိုးဥ စမ်းတာမှာတော့ မှုံနေတာကို အနုတ်လက္ခဏာလို့ သတ်မှတ်တယ်။
• Basal Body Temperature (BBT) ဆိုတဲ့ အကြမ်းဖျဉ်းနည်း တခုရှိတယ်။ မနက်အိပ်ရာထ ကိုယ်ပူချိန် တိုင်းနည်းကလဲ LH surge ဟော်မုန်းများလာတာကို သိနိုင်တာ ဖြစ်တယ်။ သိပ်မတိကျဘူး။
• Clomid ဆိုတဲ့ Fertility drug ကလေးရဘို့ပေးတဲ့ဆေး Clomiphene citrate သောက်နေပြီး၊ မျိုးဥထွက်တာကို ရက်သိပ်စောပြီး စမ်းရင် False positives မမှန်တဲ့ အပေါင်းလက္ခဏာ ပြတတ်တယ်။
• ခန့်မှန်းရက်ထက် ၂ ရက်စောပြီး နေ့တိုင်း စမ်းသင့်တယ်။ ရာသီလာပြီး ၁၃ ရက်ကနေ ၂ဝ ရက်အတွင်း ဖြစ်ဘို့ များတယ်။ ၁၁ ရက်ကစစမ်းပြီး ၂ဝ ရက်နောက်ဆို မစမ်းပါနဲ့တော့။ နောက်တလကြမှ ပြန်စမ်းပါ။
• တလမှာ ၅ ရက်စမ်းသူ ၈ဝ% နဲ့ ၁ဝ ရက်ကြာစမ်းသူ ၉၅% မှန်နိုင်တယ်။
• အပေါင်းလက္ခဏာ ပြတာနဲ့ ဆက်စမ်းစရာ မလိုပါ။
• ဒီစမ်းသပ်ကရိယာဟာ ၉၉% စိတ်ချရတယ်။
• Cassettes အမျိုးအစားက Strips ထက်ကောင်းတယ်။
• အိန္ဒိယမှာ ၅ ခုပါ Cassette ကို ၁၄၅ဝ ရူးပီးပေးရတယ်။ ဆေးဘူးတခုထဲမှာ Cassette တခု၊ Pipette တခုနဲ့ အထားခံအောင် စမ်းရာမှာမလိုအပ်တဲ့ Desiccant ဆိုတာပါတယ်။
• ၃ မိနစ်နဲ့ အဖြေထွက်တယ်။

Dr. တင့်ဆွေ
၁၃-၂-၂ဝ၁၁