ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Thursday, February 13, 2014

Rh blood group system (အာရ်အိတ်ခ်ျ) သွေးအုပ်စုခွဲနည်း

(၁) ကျွန်တော်က A - သွေးပါ။ အဲ့ မျောက်သွေးအကြောင်းလေးပြောပေးပါလား ဆရာ။ မျောက်သွေးက ရှားတယ်ပြောတယ်။ ကျွန်တော်က သွေးအားနည်းတော့ ကျွန်တော့်မှာ လိုရင် ခက်မယ်ပြောကြတယ်။ ဟုတ်လားဆရာ။
(၂) ဟိုနေ့က သွေးသွားလှူတာ သွေးအမျိုးအစားကို (ဘီပေါ့စတစ်) လို့ ပြောပါတယ်။ အရင်က မကြားဖူးလို့ ရိုးရိုး (ဘီ) နဲ့ ဘာကွာပါလဲ။ (ဘီ) က ဘယ်နှစ်မျိုးရှိလဲ သိချင်ပါတယ်။

လူ့သွေးကို လူ့မျက်စိနဲ့ ကြည့်ရင် နီရဲနေတာကလွဲလို့ တယောက်သွေးနဲ့ နောက်တယောက်သွေး ခွဲခြားမရနိုင်ပါ။ သူရဲကောင်းသွေးနဲ့ သူရဲဘောကြောင်သူသွေး အရောင် အတူတူပါဘဲ။ အနုကြည့်မှန်ဘီလူးနဲ့ စစ်ရင်တော့ မတူတာတွေ သိလာမယ်။ အုပ်စုခွဲနည်းက အများဆုံး ၂ နည်းကို သုံးတယ်။ တခြားနည်းတွေလဲ ရှိသေးတယ်။

သွေးနီဥအပေါ်မှာရှိတဲ့ ဓါတ်ပစ္စည်းပေါင်း အစုံ ၃ဝ ရှိတယ်။ လူတယောက်ဟာ အဲဒီထဲက တမျိုးဖြစ်နိုင်တယ်။ ဒါတွေထဲမှာ (အင်တီဂျင်) ခေါ်တဲ့ သွေးအုပ်စုကို ပြဌာန်းပေးတဲ့ အမျိုးပေါင်း ၆ဝဝ မကရှိတယ်။ လူတိုင်း သန္ဓေသားဘဝကနေ သေတဲ့ အထိ သွေးအုပ်စုက ပြောင်းမသွားဘူး။ ဒါပေမဲ့ တမင်တာ ပြောင်းအောင်လုပ်နိုင်တာတော့ ရှိပါတယ်။ ဥပမာ ရိုးတွင်းခြင်ဆီ အစားထိုးတာ။ (အေ) သွေးလူနာကို (အို) သွေး ရိုးတွင်းခြင်ဆီတွေ အများကြီးသွင်းပေးရင် (အို) ဖြစ်သွားနိုင်တယ်။

International Society of Blood Transfusion နိုင်ငံတကာ သွေးသွင်းအသင်းကြီးကနေ သတ်မှတ်ထားတာ သွေးအုပ်စုပေါင်း (၃ဝ) ရှိတယ်။ အများဆုံး အသုံးကျတဲ့ Blood group systems သွေးအုပ်စုခွဲနည်းတွေကတော့
1. ABO blood group system (အေ-ဘီ-အို) စနစ် နဲ့
2. Rh (Rhesus) blood group system (အာရ်အိတ်ခ်ျ) စနစ်တွေဖြစ်တယ်။ ဒီစာမှာ ဒါတခုထဲသာရေးပါမယ်။

လူတယောက်ဟာ ABO အုပ်စုခွဲနည်းထဲက တမျိုး နဲ့ Rh အုပ်စုခွဲနည်းထဲက တမျိုး ရှိလာမယ်။ အများ နားယဉ်တဲ့ (အေ-ဘီ-အို-အေဘီ) (၄) မျိုးစလုံးမှာ အပေါင်းနဲ့ အနုတ်ရှိလို့ ပေါင်း (၈) မျိုးဖြစ်တယ်။ မေးတဲ့သူမှာ ABO အရ (ဘီ) နဲ့ Rh က အပေါင်း။ ဒီနေရာမှာ (ဘီ) (ပေါ့ဇေးတစ်ဖ်) ဆိုတာ အသဲရောင် (ဘီ) ပိုး ရှိတာနဲ့ မှားတတ်တယ်။

Rh blood group system (အာရ်အိတ်ခ်ျ) စနစ်
တခြားသွေးအုပ်စုခွဲနည်းတွေထဲမှာ MNS system စနစ်၊ Kell system စနစ်၊ Lewis system စနစ် စတာတွေ ပါတယ်။ ၁၉၃၉ ခုနှစ်မှာ (အာရ်အိတ်ခ်ျ) စနစ်ကို Philip Levine နဲ့ Rufus Stetson ပညာရှင် ၂ ဦးကနေ စတွေ့တာဖြစ်တယ်။ နိုင်ငံပေါင်း ၃၁ နိုင်ငံက လူပေါင်း ၂၂၆၁ဝ၂၅၂၄၄ (သန်း ၂ ထောင်ကျော်) ကို စာရင်းကောက်တယ်။ ရလဒ်တွေကတော့ -
O (+) = 36.44%
A (+) = 28.27%
B (+) = 20.59%
AB (+) = 5.06%
O (-) = 4.33%
A (-) = 3.52%
B (-) = 1.39%
AB (-) = 0.45%

ဒါကြောင့် Rh (+) ဖြစ်သူ 90.35% နဲ့ Rh (-) ဖြစ်သူ 9.65% ရှိတယ်။ Rh negative (အာရ်အိတ်ခ်ျ) အနုတ် ရှိသူတွေက အာရှမှာ ဝ့၃% ရှိပြီး၊ အနောက်နိုင်ငံတွေမှာ ၁၅% ရှိတယ်။ အာရှသားတွေ ကံကောင်းတယ်။ ဘာလို့လဲ၊ ဆက်ဖတ်ပါ။

Rhesus (Rh) factor (အာရ်အိတ်ခ်ျ-ဖက်တာ)
လူတယောက်ရဲ့ သွေးနီဥတွေအပေါ်ယံမှာ မွေးရာပါ (ပရိုတင်း) တမျိုးရှိတာကို စမ်းတွေ့သူကို Rh positive လို့ခေါ်တယ်။ မတွေ့ရင် Rh negative လို့ခေါ်တယ်။ Rh antigen (အာရ်အိတ်ခ်ျ-အင်တီဂျင်) ၃ဝ ထဲမှာ အဓိက (အင်တီဂျင်) ၅ ခုရှိတယ်။ D, C, c, E နဲ့ e တွေ ဖြစ်တယ်။ ဒီအထဲက D antigen (ဒီ-အင်တီဂျင်) က အရေးအပါဆုံး ဖြစ်တယ်။ Rh +ve ဆိုတာ ဒီ D ရှိတာဖြစ်တယ်။ အပေါင်းဖြစ်ဖြစ်၊ အနုတ်ဖြစ်ဖြစ် ကျန်းမာရေးကို မထိခိုက်ပါ။

ဒါပေမဲ့ ကိုယ်ဝန် ဆောင်ရင်တော့ အဆင်မသင့်တာဖြစ်နေရင် ထိခိုက်မှာသေခြာတယ်။ မိခင်က Rh negative အနုတ် ဖြစ်နေပြီး ဖခင်က Rh positive အပေါင်း ဖြစ်နေရင် သတိထားရတော့မယ်။ ကလေးကလဲ Rh negative အနုတ် ဖြစ်နေရင် ကလေးရဲ့ သွေးနဲ့ တွေ့ရလို့ မိခင်သွေးကို တန်ပြန်တဲ့ Antibodies (အင်တီဘော်ဒီ) ဆိုတာတွေ ဖြစ်လာစေလိမ့်မယ်။ သားဦး ကိုယ်ဝန်မှာ သိပ်ဒုက္ခမပေးပါ။ တကယ်လို့ နောက်ကိုယ်ဝန်တွေမှာ အထဲက ကလေးဟာ Rh positive အပေါင်း ဖြစ်နေရင် မအေ သွေးထဲက (အင်တီဘော်ဒီ) တွေကနေ ကလေးရဲ့သွေးကို ဆန့်ကျင်စေလိမ့်မယ်။ အချင်း-ချက်ကြိုးကနေတဆင့် သွေးက ဆက်စပ်နေတယ်။ ဒီအခါမှာ ကလေးမယ် Rh disease (အာရ်အိတ်ခ်ျ) ရောဂါ ရလာမယ်။ အသက်ကိုပါ ရန်ရှာနိုင်တယ်။

မိခင်လောင်းဟာ Rh negative အနုတ်ဖြစ်နေရင် ဆေးစစ်ရမယ်။ Antibody screen ခေါ်တယ်။ ကိုယ်ဝန်ဆောင် ပဌမ ၃ လထဲမှာ တခါ နဲ့ ၂၈ ပါတ်မှာတခါ လုပ်ရမယ်။ Antibodies တွေ မထုတ်သေးရင် Rh immune globulin ဆေး ထိုးရမယ်။ ဆေးက နာတယ်။ ကိုယ်ပူတတ်တယ်။ မွေးလာတဲ့ကလေးက Rh negative ဖြစ်နေရင် ဘာမှ လုပ်စရာမလိုပါ။ Rh positive ဆိုရင်တော့ မိခင်ကို ကလေးမွေးပြီးတာနဲ့ ဆေးထပ်ထိုးရမယ်။ နောက်ကိုယ်ဝန်တွေမှာလဲ ကလေးက Rh positive ဖြစ်နေရင် ဆေးထိုးရမယ်။

ကိုယ်ဝန်ဆောင်တာမှာသာမကဘဲ Rh positive blood နဲ့ တွေ့နိုင်ခြေရှိတဲ့ တခြားအခြေအနေတွဖြစ်တဲ့
- Miscarriage ကိုယ်ဝန်ပျက်ခြင်း၊
- Abortion ကိယ်ဝန်ဖျက်ခြင်း၊
- Ectopic pregnancy သားအိမ်ပြင်ပသန္ဓေတည်ခြင်း၊
- Molar pregnancy စပျစ်သီးကိုယ်ဝန်ဖြစ်ခြင်း၊
- Amniocentesis ရေမြွာရည်ဖေါက်ခြင်း၊
- Chorionic villus sampling စစ်ဆေးနည်းလုပ်ခြင်း၊
- Bleeding during pregnancy ကိုယ်ဝန်ဆောင်နေတုံး သွေးသွန်ခြင်း၊
- Blunt trauma to the abdomen during pregnancy ကိုယ်ဝန်ဆောင်နေတုံး ဒဏ်ရာရခြင်း၊
- Rotation of a baby in breech position before labor ကလေးအနေအထား မှန်အောင် လှည့်ပေးရခြင်းတွေမှာလဲ ဆေးထိုးဘို့ လိုမယ်။

တကယ်လို့ ကိုယ်ဝန်ဆောင်နေတုံး Antibody screen စစ်တဲ့အခါ မိခင်လောင်းသွေးထဲမယ် Antibodies တွေ ရှိနေပြီးသား တွေ့ရရင် Rh immune globulin ဆေးထိုးလဲ အကြောင်းမထူးပါ။ ကလေးကိုသာ ဂရုတစိုက် စောင့်ကြည့်ရတော့မယ်။ လိုအပ်လာရင်တော့ ကလေးကို သွေးသွင်းပေးရလိမ့်မယ်။ မမွေးခင်လဲ သွင်းပေးနိုင်တယ်။ မွေးပြီးပြီးချင်းလဲ သွေးသွင်းပေးနိုင်တယ်။

• မိခင် Rh positive + ဖခင် Rh positive = ကလေး Rh positive ဘာမှလုပ်စရာမလိုပါ။
• မိခင် Rh negative + ဖခင် Rh negative = ကလေး Rh negative ဘာမှလုပ်စရာမလိုပါ။
• မိခင် Rh positive + ဖခင် Rh negative = ကလေး Rh positive or Rh negative ဘာမှလုပ်စရာမလိုပါ။
• မိခင် Rh negative + ဖခင် Rh positive = ကလေး Rh positive or Rh negative ဆိုရင် Rh immune globulin injections ဆေးထိုးရမယ်။

• Blood donation မြတ်သော နီသော သွေး http://dts-medicaleducation.blogspot.com/2012/01/blood-donation.html
• Blood Grouping (A, B, AB, O) အေ၊ ဘီ၊ အေဘီ၊ အို သွေးအုပ်စု ဇယား http://dts-medicaleducation.blogspot.com/2011/11/b-ab-o.html
• Blood donation rules သွေးလှူခြင်းဥပဒေသများ http://dts-medicaleducation.blogspot.in/2014/02/blood-donation-rules.html

Dr. တင့်ဆွေ
၃-၅-၂ဝ၁၂