ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Friday, June 15, 2012

10 Ways to Boost Your Metabolism ဇီဝဖြစ်စဉ်ကိုအားပေးနည်း (၁ဝ)

ကိုယ်အလေးချိန်ကို ထိန်းထားလိုသူတိုင်း Metabolism Boost ဇီဝဖြစ်စဉ် အားပေးနည်းဟာ အလိုအပ်ဆုံးအရာ ဖြစ်တယ်။ စားလိုက်တဲ့အစာတွေကို ဘယ်လောက်မြန်မြန် ကျေချက်နိုင်သလဲ၊ တနည်းပြောရရင် (ကလိုရီ) တွေကို ဘယ်လောက် မြန်မြန် လောင်ကျွမ်းစေနိုင်သလဲဆိုတာက အကြောင်းတရားတွေ များတယ်။ တချို့က ဗီဇဖြစ်စဉ် မြန်တယ်။ ငြိမ်နေတာချင်းအတူတူ ယောက်ျားတွေက မိန်းမတွေထက် ပိုမြန်တယ်။ ယေဘုယျပြောရရင် အသက်ရလာလေ ဖြစ်စဉ်နှေးလေ။ "မျိုးဗီဇကိုရော၊ အသက်ကိုပါ ထိန်းမရနိုင်ပါ။ ဒါပေမဲ့ တခြားနည်းတွေနဲ့ (ကလိုရီ) လောင်ကျွမ်းမှုကို မြန်စေနိုင်ပါတယ်။"

1. Build Muscle ကြွက်သား

လူ့ကိုယ်ခန္ဓာကနေ ဘာမှမလုပ်ဘဲနေလဲ (ကလိုရီ) တွေကို အဆက်မပြတ် လောင်ကျွမ်းနေပါတယ်။ ဒီလိုဖြစ်တာဟာ ကြွက်သား များများ ရှိနေသူတွေမျာ ပိုသိသာမြန်ဆန်တယ်။ ဒါကြောင့် ကြွက်သားတည်ဆောက်ပေးတာ ကောင်းတယ်။ ကြွက်သား တပေါင်ကနေ သူ့ကိုယ်သူ ရပ်တည်နိုင်အောင် တနေ့မှာ ၆ (ကလိုရီ) သုံးရတယ်။ အဆီတပေါင်ကတော့ တနေ့မှာ ၂ (ကလိုရီ) သာ သုံးပြစ်နိုင်တယ်။ ကြွက်သား လေ့ကျင့်ခန်းလုပ်ရင် ဒီကွာခြားချက်က ပိုများမယ်။

2. Step Up Your Workout ကိုယ်လက်လှုတ်ရှားမှု

Aerobic exercise (အေရိုးဘစ်) လေ့ကျင့်ခန်းကြောင့် ကြွက်သားမတိုးပါ။ ဒါပေမဲ့ ဇီဝအလုပ်ကို များစေ၊ မြန်စေမယ်။ ကြိုးစားနိုင်လေ ကောင်းလေ။ High-intensity exercise အပြင်အထံလုပ်လေလေ (ကလိုရီ) ကုန်တာ များလေလေ။

3. Fuel Up with Water (ကလိုရီ) သုံးနိုင်အောင် ရေလိုသေးတယ်

ရေဓါတ်နည်းနေရင်ကို (ကလိုရီ) အသုံးချတာ နှေးမယ်။ တနေ့မှာ ရေ ၈ ခွက်သောက်ဘို့ အကြံပြုကြတာ များတယ်။ သွားရေစာ၊ အသီး၊ ဘာစားစား စားပြီးတိုင်း ရေသောက်ပါ။ (ချစ်ပ်) တွေစားတာထက် အသီးအရွက်တွေထဲမှာ ရေပါတာ သတိပြုပါ။

4. Energy Drinks (အင်နာဂျီ-ဒရင့်) အားဆေးရည်

တချို့အမျိုးအစားတွေက ကောင်းပါတယ်။ (ကေဖင်း) တွေပါတယ်။ သူကနေလဲ ကောင်းတယ်။ တချို့မှာ Taurine ခေါ်တဲ့ Amino acid (အမိုင်နို-အက်စစ်) ပါတယ်။ အဆီကိုကျေချက်ဘို့ အားပေးတယ်။ သတိထားဘို့က သွေးတိုး တက်နိုင်တယ်။ စိုးရိမ်စိတ် ကဲနိုင်တယ်။ အိပ်ရေးခက်နိုင်တယ်။

5. Sinless Snacking သွားရည်စာ စားပေးပါ

အစာကို နည်းနည်းလေးနဲ့ ခဏခဏစားတာက လူကိုမဝစေဘူး။ တခါစားရင် အများကြီးနဲ့ တခါနဲ့တခါ အချိန်ခြာလွန်းရင် တမျိုး။ Small meal or Snack သွားရည်စာလို့ ခေါ်တာမျိုးကို ၃-၄ နာရီတခါစားပါ။ (ကယ်လိုရီ) ကို ဆက်တိုက် လောင်ကျွမ်းစေမယ်။ အဲလိုလူမျိုးက ထမင်းကြီးစားရင် နည်းတယ်လို့ လေ့လာမှုတွေကဆိုတယ်။

6. Spice Up Your Meals စပ်တာကောင်းတယ်

အစပ်ကြိုက်သူတွေ အကိုက်ဘဲ။ ငရုပ်သီးထဲမှာပါတာကနေ ဇီဝဖြစ်စဉ်ကို မြန်စေတယ်။ တခါတလေသာ စားဘို့မဟုတ်ဘဲ မကြာမကြာ အစပ်စားနိုင်တာ သိသာမယ်။

7. Power Up with Protein (ပရိုတင်း) ကောင်းတယ်

လူစားတာတွေထဲမှာ အသား၊ အဆီ၊ ကစီဓါတ်တွေကို ကျေချက်တိုင်း (ကယ်လိုရီ) တွေလောင်ကျွမ်းစေတယ်။ ကျန်းမာရေးနဲ့ ညီညွတ်ဘို့ မျှအောင်စားရတယ်။ ဒါတွေထဲမှာ (ပရိုတင်း) ဓါတ်က ပိုတယ်။ Lean beef အဆီလွတ်အသား၊ Turkey က်ြဆင်သား၊ Fish ငါး၊ White meat chicken က်ြသား၊ Tofu တို့ဖူး၊ Nuts အစေ့အဆံတွေ၊ Beans ပဲ-ပဲသီး၊ Eggs ဥ၊ Low-fat dairy products အဆီနည်းနို့နဲ့ နို့ထွက်အစာတွေကို ပိုစားပါ။

8. Black Coffee ကော်ဖီခါး

သကြားမပါ၊ နို့မထည့်တဲ့ ကော်ဖီသောက်ပေးရင် (ကလိုရီ) ကုန်စေနိုင်တယ်။

9. Recharge with Green Tea (တီး)

သကြားမပါ၊ နို့မထည့်တဲ့ (တီး)၊ လက်ဖက်ရည်ကြမ်းတွေကလဲ အဲလိုဘဲ။ Caffeine နဲ့ Catechins တွေပါတယ်။

10. Avoid Crash Diets မစားမသောက် မနေပါနဲ့

ပိန်ချင်လွန်းလို့ စားတယ်ဆိုယုံလောက်လေးသာ အာဟာရမှီဝဲတာ မကောင်းပါ။ တနေ့မှာ စားတာကနေ (ကလိုရီ) ၁ဝဝဝ ထက် နည်းရင် မကောင်းပါ။ အလေးချိန်တော့ကျမယ်။ ကြွက်သားတွေကနေ ယူလိုက်တာဖြစ်လို့ ဇီဝဖြစ်စဉ်ကို နှေးစေမယ်။ ကြာတော့ (ကလိုရီ) ကိုနည်းနည်းသာ လျှော့စေနိုင်တော့မယ်။

Dr. တင့်ဆွေ
၁၅-၆-၂ဝ၁၂