ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

• (ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်

Tuesday, June 19, 2012

Down syndrome (2) ဒေါင်းန်-ဆင်ဒရုမ်း (၂)

Tue, Jun 19, 2012 at 2:27 PM
ကျွန်မ အသက်က ၂၅ နှစ်၊ အိမ်ထောင်သည်ပါ။ ကျွန်မ အမျိုးသားရဲ့ မျိုးရိုးဟာ မသန်မစွမ်း (ဒေါင်း) ရောဂါ ရှိသူတွေပါ။ ကျွန်မ ကလေးယူခဲ့ရင် သူ့မျိုးရိုးများ လိုက်နိုင်မလား။ ဘာတွေများ စမ်းသပ် စစ်ဆေးရမလည်း၊ ဘယ်လိုများ ကာကွယ်ရမလည်းဆိုတာ အကြံဥာဏ်ပေးနိုင်မလားဆရာ။

Down syndrome (ဒေါင်း-ဆင်ဒရုမ်း) ဘယ်လိုလူတွေမှာ လာဖြစ်တတ်သလဲ

မိခင်လောင်း အသက် ကြီးလေလေ ဖြစ်နိုင်ခြေပိုလေလေ။ ၂၅ နှစ် အမျိုးသမီးတွေမှာ ၁၂၅ဝ ယောက်မှာ ၁ ယောက်၊ အသက် ၃ဝ တွေမှာ ၁ဝဝဝ ယောက်မှာ ၁ ယောက်၊ ၃၅ နှစ်ကျော်ရင် ၄ဝဝ မှာ ၁ ယောက်အထိပိုလာမယ်။ ၄ဝ ကျော်ရင် ၁ဝဝ မှာ ၁ ယောက် ဖြစ်နိုင်တယ်။ ဒါပေမဲ့ အများဆုံးဖြစ်တာက အသက် ၃၅ နှစ်အောက် မိခင်တွေကနေ ဖြစ်တယ်။ ဒါကလည်း ကလေးဖွါးဘို့ အကောင်းဆုံး အရွယ်တွေ ဖြစ်နေလို့ ဖြစ်မယ်။

(ဒေါင်း-ဆင်ဒရုမ်း) ကလေး တယောက် မွေးဘူးထားတဲ့ မိဘတွေကနေ အဲလိုကလေး ထပ်မွေးဘို့ အခွင့်အလမ်း ပိုများတယ်။ နောက်ပြီး (ခရိုမိုဇုမ်း) မူမမှန်တာ ရှိသူတွေမှာလဲ အခွင့်အလမ်း ပိုများတယ်။

ဘယ်ဆရာဝန်ကမှ (ဒေါင်း-ဆင်ဒရုမ်း) ဘာလို့ဖြစ်ရသလဲဆိုတာ အတိအကျ မပြောနိုင်ဘူး။ ဒါကြောင့် ဘယ်လို ကာကွယ်ရမယ်ဆိုတာလဲ အတိအကျ ပြောမရပါ။

Prenatal Screening and Diagnosis မိဘတွေကို ဆေးစစ်တာတွေလုပ်သင့်တယ်။ (၂) နည်း သုံးတယ်။ ဖြစ်နိုင်ခြေကို စစ်တဲ့ Screening tests နဲ့ အထဲကကလေးမှာ ရှိနေတာသေခြာဘို့လုပ်တဲ့ Diagnostic tests တွေဖြစ်တယ်။ Diagnostic tests နည်းက ၉၉% သေခြာတယ်။ ခက်တာက ကိုယ်ဝန်ဆောင်နေတဲ့ သားအိမ်ထဲကို စမ်းရတာမို့ သတိထားရတယ်။ ဒါကြောင့် (၁) အသက် ၃၅ နှစ်ကျော်ပြီး၊ (၂) မိသားစုထဲမှာလဲ ရာဇဝင်ရှိသူ (၃) Screening test မှာ အပြစ်တွေ့သူ မိခင်လောင်းတွေကိုသာ ဒီနည်းကို လုပ်သင့်တယ်။

Screening tests စမ်းသပ်နည်းတွေ
1. Nuchal translucency testing နည်းကို ကိုယ်ဝန် ၁၁-၁၄ ပါတ်မှာလုပ်တယ်။ (အာလ်ထွာဆောင်း) သုံးပြီး အထဲက ကလးရဲ့ လည်ပင်းအရစ်မျာရှိတဲ့ (တစ်ရှူး) တွေကြားနေရာ အကျယ်ကိုတိုင်းတယ်။ ရောဂါရှိနေရင် ကျယ်တယ်။
2. Triple screen or Quadruple screen (Multiple marker test) နည်းကို ကိုယ်ဝန် ၁၅-၁၈ ပါတ်မှာလုပ်တယ်။ မိခင်ရဲ့သွေးကို စစ်တယ်။
3. Integrated screen နည်းကို ကိုယ်ဝန် ပဌမ ၃ လအတွင်းမှာလုပ်တယ်။ သွေးစစ်တာနဲ့ Nuchal translucency testing နည်းနဲ့ တွဲလုပ်ချင်လုပ်မယ်။ ဒုတိယ ၃ လထဲမှာ ၄ မျိုးတွဲလုပ်ရင် ပိုသေခြာမယ်။
4. Genetic ultrasound နည်းကို ကိုယ်ဝန် ၁၈-၂ဝ ပါတ်မှာလုပ်တယ်။ သွေးလဲစစ်မယ်။ ကလေးမှာ physical traits abnormalities ရုပ်ပိုင်းဆိုင်ရာ မူမမှန်တာကြည့်မယ်။

Diagnostic tests သေခြာအောင်လုပ်တဲ့ စမ်းသပ်နည်းတွေ
1. Chorionic villus sampling (CVS) အချင်းအပိုင်းအစလေးကို ထုတ်ယူစစ်ဆေးတယ်။ ကိုယ်ဝန် ၁ဝ-၁၂ ပါတ်မှာ လုပ်တယ်။ Miscarriage ကိုယ်ဝန်ပျက်မှာကို စိုးရိမ်ရတယ်။
2. Amniocentesis ကိုယ်ဝန် ၁၅-၂ဝ ပါတ်မှာ လုပ်တယ်။ ရေမြွာရည်ကို ထုတ်ယူစစ်ဆေးတာဖြစ်တယ်။ Chromosomal abnormalities (ခရိုမိုဇုမ်း) မူမမှန်တာရှာမယ်။ Amniocentesis နည်းကြောင့် Preterm labor ကလေးစောမွေးတာ နဲ့ Miscarriage ကိုယ်ဝန်ပျက်တာတွေ ဖြစ်စေနိုင်တာကို သတိထားရတယ်။
3. Percutaneous umbilical blood sampling (PUBS) ကိုယ်ဝန် ၁၈ ပါတ်နောက်ပိုင်းမှာ လုပ်တယ်။ ချက်ကြိုးကနေ သွေးနမူနာယူပြီး စစ်ဆေးတယ်။

မွေးလာပြီး ကလေးကို ရောဂါရှိတာသေခြာချင်ရင် Physical characteristics ရုပ်ပိုင်းစစ်ဆေးတာနဲ့ Karyotype ဆိုတာ လုပ်တယ်။ သွေး နဲ့ (တစ်ရှူး) ကိုယူပြီး (ခရိုမိုဇုမ်း) ကိုစစ်ဆေးတယ်။

• Down syndrome (1) ဒေါင်းန်-ဆင်ဒရုမ်း (၁) http://dts-medicaleducation.blogspot.com/2010/09/down-syndrome.html

Dr. တင့်ဆွေ
၁၉-၆-၂ဝ၁၂