ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

• (ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်

Thursday, June 7, 2012

Nosebleeds in children ကလေး နှာခေါင်းသွေးယိုခြင်း

Thu, Jun 7, 2012 at 7:00 AM
ကျမ သားရဲ့ အသက်က ၁၉ လ ရှိပါပြီ။ နှာခေါင်းသွေး ခဏခဏယိုနေလို့ပါ။ သူနှာခေါင်းသွေးယိုတာက နေ့ခင်းဘက်မှာ မယိုဘဲနဲ့ ညဘက် အိပ်ပျော်နေတဲ့ အချိန်မှာဘဲ များသောအားဖြင့် ယိုပါတယ်။ တစ်ခါတစ်လေ နေ့ခင်းယိုရင်လဲ အိပ်ပျော်နေတဲ့ အချိန်မှာဘဲ ယိုပါတယ်။ ယိုခါနီးပြီဆိုရင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ရာကနေနိုးလာပြီး ခဏငိုပြီး သွေးယိုတော့တာဘဲ။ ကျမစိုးရိမ်တာက ညဘက်ကျမှ သွေးကယိုတာဆိုတော့ အိပ်ပျော်နေတုန်း သွေးယိုတာမသိရင် ဘာဖြစ်နိုင်လဲ သိချင်လို့ပါ။ ယိုခါစကတော့ နဲပါတယ် နောက်ပိုင်းယိုတာ ပိုများများ လာပါတယ်။ ဆရာရေးတဲ့ နှာခေါင်း သွေးယိုခြင်းအကြောင်း ဖတ်ဖြစ်ပါတယ်။ အခုဖြစ်တဲ့ဟာနဲ့ ပက်သက်ပြီး သက်သက်စာပြန်ပေး စေချင်ပါတယ်။ ကျမ အရမ်းစိုးရိမ် နေလို့ပါ။ သွေးယိုတာ များလာတယ် ဆိုတော့ သွေးအားနဲ တာရောဖြစ်နိုင် ပါသလား။ သွေးခဲပြီး အသက်ရှူလမ်းကြောင်း ပိတ်သွားနိုင်လားဆိုတာ တအားသိချင်ပါတယ်။ သူများနိုင်ငံမှာ နေရတယ် ဆိုတော့ ဘာသာစကားလဲ အခက်ခဲဖြစ် နေလို့ပါ။ စိုးရိမ်ရတဲ့ အခြေနေ ဟုတ်-မဟုတ် စာပြန်ပေးပါနော်။

Nosebleeds နှာခေါင်းသွေးယိုရတဲ့ အကြောင်းတွေထဲမှာ နှာခေါင်းရှိနေတဲ့ အနေအထားကို၌က ခေါင်းမှာ ရှေ့ကို ငေါထွက်နေလို့ ထိခိုက်ဘို့ လွယ်တယ်။ သွေးကြောတွေကလဲ ကြီးတယ်။ နဲနဲပါးပါး ထိခိုက်တာနဲ့ကို သွေးထွက် များတတ်တယ်။ အများအားဖြင့်တော့ နှာခေါင်းအတွင်းမှာ ဖုံးထားပေးနေတဲ့ အလွှာက ခြောက်သွေ့နေလို့ ဖြစ်ရတယ်။ အဲဒီနေရာက သွေးကြော ပေါက်ပြဲသွားလို့ သွေးယိုတာဖြစ်တယ်။

ရာသီဥတု ခြောက်သွေ့ချိန်မှာ ပိုဖြစ်တယ်။ ပူတာတခုထဲ ပြောတာ မဟုတ်ပါ။ ဆောင်းရာသီမှာ ပိုဖြစ်နိုင်တယ်။ ဒီလိုကာလတွေမှာ အသက်ရှူလမ်း အပေါ်ပိုင်းကူးစက်ရောဂါတွေကလဲ အဖြစ်များတယ်။ ပတ်ဝန်းကျင် အပူချိန် နဲ့ စိုထိုင်းဆတွေကလဲ ရုတ်တရက်ဆိုလို တက်လိုက် ကျလိုက်ဖြစ်တာလဲ အကြောင်းတခုဖြစ်နိုင်သေးတယ်။ နွေရာသီမှာ Low humidity စိုထိုင်းဆ အပြောင်းအလဲကြောင့်ဖြစ်တယ်။ အခန်းကို အပူ-အအေးစက်ကနေ ထိန်းညှိတာကြောင့်လဲ ဖြစ်စေနိုင်တယ်။ သောက်နေရတဲ့ ဆေးဝါးတွေကိုလဲ သတိထားဘို့လိုတယ်။ Warfarin (Coumadin) သွေးကျဲဆေး၊ Aspirin (အက်စပရင်) နဲ့ Anti-inflammatory medication အရောင်-အဖျား-အနာ သက်သာဆေးတွေ ဖြစ်တယ်။ ဒီလိုလူတွေမှာ နဲနဲလေး ထိမိတာနဲ့ သွေးယိုလာနိုင်တယ်။

နှာခေါင်းသွေးယိုလာစေနိုင်တဲ့ အခြေခံတွေ -
• Infection ကူးစက်ရောဂါရနေရင်၊ ဥပမာ Sinuses (ဆိုင်းနပ်စ်) နဲ့ Cold အအေးမိတာ။
• Trauma ထိခိုက်မိတာ၊
• Nose picking ကိုယ့်ကိုယ်ကို ထိခိုက်မိတာ၊
• Allergic and non-allergic rhinitis (အလာဂျီ) ရတာ၊ (အလာဂျီ) မရဘဲ နှာခေါင်းရောင်တာ၊
• Hypertension သွေးတိုး၊
• Blood thinning medications ဆေးဝါးတွေ၊
• Alcohol abuse အရက်၊
• Tumors နှာခေါင်းအကျိတ် (ကင်ဆာ နဲ့ ကင်ဆာမဟုတ်တာ) နဲ့ မွေးရာပါ သွေးယိုရောဂါတွေ ဥပမာ Leukemia (လူကီးမီးယား) အဖြစ်နည်းတယ်။ Blood clotting disorders သွေးမခဲနိုင်တဲ့ရောဂါ၊

ကလေးတွေမယ် Spontaneous nosebleeds သူ့ဖါသူ နှာခေါင်းသွေးယိုရတဲ့အကြောင်းထဲမှာ Dry air in the room အခန်းထဲကလေ ခြောက်နေလို့ဖြစ်တယ်။ Humidifier ဒါမှမဟုတ် Vaporizer သုံးသင့်တယ်။ ကလေး အိပ်နေရင် နှာခေါင်းသွေးယိုရင် ကလေးကိုနှစ်သိမ့်ပေးပါ။ မိဘတွေက မပြာပါနဲ့။ ထွက်တဲ့သွေး ခပ်မြန်မြန်လေး သန့်ရှင်းပေးပါ။ ထိခိုက်မိထားလဲ ကြည့်ပါ၊ မေးပါ။ ကလေးကို နှာခေါင်းထဲနှိုက်တဲ့အကျင့်ရှိရင် ပြင်ပေးပါ။ နှာခေါင်းကိုင်တဲ့အကျင့်ရှိရင်လဲ မကိုင်အောင် သင်ပေးပါ။

Precautions ကြိုတင်ကာကွယ်နည်း
• ကိုယ့်လက်ချောင်းနဲ့ နှာခေါင်းနှစ်ပေါက်ကို ပိုင်းခြားထားတဲ့ septum အကန့်ရဲ့ အလည်နေရာကို ဖိပေးနိုင်တယ်။
• ခဏခဏ ဖြစ်တတ်သူတွေဟာ နှာခေါင်းအတွင်းက အဖုံးလွှာခြောက်သွေလာလို့ဖြစ်တယ်။ ဒါကြောင့် ချောဆီသဘော တခုခု သုံးနိုင်တယ်။ အများဆုံးသုံးတာက A & D ointment, Mentholatum, Polysporin/Neosporin ointment, or Vaseline တွေဖြစ်တယ်။ Saline mist nasal spray (Ocean Spray) ကိုလဲ သုံးနိုင်တယ်။
• အများဆုံးဖြစ်တဲ့ နှာခေါင်းသွေးယိုတာကို အိမ်မှာတင် သက်သာအောင်လုပ်နိုင်တယ်။ ကိုယ့်ဖါသာ မရမှ၊ သွေးတွေထွက်တာ များလွန်းမှ၊ လူက အားယုတ်၊ မူးဝေ၊ ဖြူဖတ်ဖြူရော်ဖြစ်လာရင်တော့ ဆရာဝန်ကိုပြပါ။ ဆရာဝန်ကနေ Nasal packs နှာခေါင်းထဲ ပတ္တီးစသွင်းပေးလိမ့်မယ်။

သွေးထွက်တာက ဘယ်ကနေလာလာ ကြာရင် ဒါမှမဟုတ် ခဏခဏဖြစ်ရင်၊ နာတာရှည် သွေးအားနည်းရောဂါ ရလိမ့်မယ်။ ရုတ်တရက် သွေး အများကြီးထွက်ရင် ချက်ချင်းဖြစ်တဲ့ သွေးအားနည်းရောဂါ ဖြစ်မယ်။

Anemia သွေးအားနည်းလက္ခဏာတွေကတော့ အသားအရေ ဖြူဖတ်ဖြူရော်ဖြစ်နေတာ၊ မောပန်းလွယ်တာ၊ နှလုံးခုန် မမှန်ဖြစ်တာ၊ အသက်ရှူမဝဖြစ်တာ၊ ရင်ပတ်နာတာ၊ ခေါင်းမူးတာ၊ ခြေလက် အေးစက်တာ၊ ခေါင်းကိုက်တာတွေဖြစ်တယ်။ စမ်းသပ်ရင် သွေးခုန်နှုန်း (Pulse rate လက်ကောက်ဝတ် စမ်းတာနဲ့ Heart rate နှလုံးကို နားကြပ်နားနည်း) ပုံမှန်ထက် များနေမယ်။ သတိထားဘို့က ကလေးတွေဟာ ပုံမှန်ကိုက လူကြီးတွေထက် မြန်နေတယ်။ Blood pressure သွေးဖိအား တိုင်းရင် ရုတ်ရက်သွေးယိုသူတွေမှာ ဖိအား ကျနေမယ်။ နာတာရှည်နည်းနေသူတွေကတော့ ပုံမှန်သာရှိမယ်။

နှာခေါင်းကနေ ထွက်တဲ့သွေးက အိပ်နေတုံးမှာ ထွက်တာဆိုရင် အစာမျိုပြွန်ထဲ စီးဝင်သွားမယ်။ မျိုချသလိုဘဲ။ အသက်ရှူလမ်းကြောင်းထဲ မဝင်တတ်ပါ။ သတိလစ်နေသူတွေကိုသာ သတိထားရတယ်။ အိပ်ပျော်တာက မေ့နေတာနဲ့ မတူပါ။

Dr. တင့်ဆွေ
၆-၆-၂ဝ၁၂