အမေရိကန် ဆေးဝါးနဲ့ အစားအသောက်အဖွဲ့ FDA ကနေ Qsymia ဆေးကို ကိုယ်အလေးချိန်ချဆေးအဖြစ် ၁၇-၇-၂ဝ၁၂ နေ့က အသိအမှတ် ပြုလိုက်ပါတယ်။ ဒိအရင်က Belviq ဆေးကိုလဲ ၂၇-၆-၂ဝ၁၂ နေ့က အသိအမှတ်ပြုထားပြီး ဖြစ်ပါတယ်။
Qsymia ဆေးသောက်နေကြသူတွေကို လေ့လာမှု ၃ ခုပြုပြီးမှ ၁၃ နှစ်ကြာမှ အခုလို အသိအမှတ်ပြုတာပါ။ ရလဒ်တွေအရ အလွန်ဝနေကြသူတွေမှာ အစားအသောက် ဆင်ခြင်တာလဲ လုပ်ပြီးတဲ့နောက် ပျမ်းမျှ ကိုယ်အလေးချိန် ၆့၇% ကနေ ၈့၉% အထိ ကျဆင်းတာ တွေ့ခဲ့ရပါတယ်။
Qsymia ထဲမှာ Phentermine နဲ့ Topiramate ဆေး ၂ မျိုးတွဲပါတယ်။ ပဌမတခုက ကိုယ်အလေးချိန် ကျစေပြီး ဒုတိယ တခုက အတက်သက်သာစေတယ်။ Phentermine ဆေးက အစာစားချင်စိတ် နည်းစေတယ်။ သွေးဖိအားလဲ ကျစေတယ်၊ (ကိုလက်စထော) လဲ နည်းစေတယ်၊ ဆီးချိုဖြစ်စေတာလဲ နည်းတယ်လို့ ဆေးထုတ်တဲ့ Vivus Inc. က ဆိုပါသေးတယ်။
ဘေးထွက်-ဆိုးကျိုးကတော့ နှလုံးခုန်နှုန်းတက်လို့ နှလုံးရောဂါဝေဒနာသည်တွေနဲ့ မသင့်ပါ။ Stroke (စထုပ်ခ်) ရထားသူတွေလဲ မသောက်သင့်ပါ။ နှလုံးရောဂါ ရှိသူတွေအပေါ်မှာလဲ Vivus ကုမ္ပဏီကနေ ဆက်ပြီး လေ့လာနေပါတယ်။
ကိုယ်ဝန်ဆောင်တွေလဲ ဒီဆေးနဲ့ မသင့်ပါ။ Topiramate ဆေးကို (မိုင်ဂရင်း) နဲ့ အတက်ရောဂါအတွက် သုံးကြသူ ကိုယ်ဝန်ဆောင်တွေမှာ ကလေးကို ထိခိုက်စေနိုင်တယ်။
စမ်းသပ်ခံသူတွေထဲမှာ ၃၄ ယောက်က တားထားဘို့ပြောပေမဲ့ ကိုယ်ဝန်ရကြတယ်။ ဒါပေမဲ့ မွေးလာတဲ့ ကလေးတွေ ကောင်းကြပါတယ်လို့ ဆေးကုမ္ပဏီက ပြောပါတယ်။ ဒိအရင် စမ်းသပ်မှုလုပ်တုံးက ဒီဆေးထဲပါတဲ့ Topiramate ဆေးကြောင့် ကိုယ်ဝန် ၁ဝဝဝ ထဲက ၅ေ ယာက်မှာ မွေးရာပါ ချို့ယွင်ချက် ပါနေတာ တွေ့ထားရတယ်။
သိပ်မဆိုးတဲ့ ဘေးထွက်-ဆိုးကျိုးတွေကတော့ ခြေ-လက် ကျင်တာ၊ ခေါင်းမူးတာ၊ အိပ်မပျော်တာ၊ ဝမ်းချုပ်တာ၊ အာခေါင် ခြောက်တာ၊ အရသာပြောင်းတာတွေ ဖြစ်နိုင်တယ်။
Qsymia ကိုအရင်က Qnexa နာမည်နဲ့ ရောင်းနေပြီးသားဖြစ်ပါတယ်။ Qsymia ဆေးက Belviq ပိုမြန်တာ သိလာရတယ်။ Qsymia ဆေးက၂၂၇ ပေါင်ကနေ ၂ဝ၄ ပေါင်အထိကျပြီး၊ Belviq ဆေးက ၂၂ဝ ပေါင်ကနေ ၂ဝ၇ ပေါင်ကျတယ်။
အစဉ်အလာအရ Obesity အဝလွန်တာကို အစားအသောက်နဲ့ ကိုယ်လက်လှုတ်ရှားမှုနဲ့သာ စိတ်ချရတဲ့ နည်းအဖြစ် သုံးနိုင်နေခဲ့တာ ဖြစ်ပါတယ်။ အခုဆေးနည်းက ခွဲစိတ်စရာလဲ မလိုတဲ့နည်း ဖြစ်လာပါတယ်။ Body mass index ကိုယ်ခန္ဓာထုထည် ၂၇ နဲ့အထက်ရှိသူတွေအတွက်သာ သုံးဘို့ဖြစ်ပါတယ်။ ဆရာဝန်တွေ အနေနဲ့တော့ ကြိုက်သလို ဆေးလက်မှတ် ရေးပေးနိုင်ကြပါတယ်။ ကိုယ်အလေးချိန် သိပ်မများသေးသူတွေကလဲ ဆေးလိုချင်ကြလို့ အများကြီး သုံးချင်ကြရင် Pill mills ဆေးစက်ရုံလိုဖြစ်မှာ စိုးရိမ်စရာရှိပါတယ်။ အရင်ကလဲ Fen-phen ဆေးကို အဲလို ဖြစ်ဘူးထားခဲ့တယ်။
၄၄၃ဝ ယောက်ကို စမ်းပြီးဖြစ်ပါတယ်။ တဝက်လောက်မှာ ၁ဝ% ကျတယ်၊ ၅ ပုံ ၄ ပုံမှာ ၅% ကျတယ်။ စမ်းသပ်ခံခဲ့သူ Meg Evans ပြောတာက “ကျမမှာ ၂၃ဝ ပေါင်ရှိနေခဲ့တာ၊ ပဌမနှစ်အတွင်း ၄၈ ပေါင်ကျသွားပြီး၊ နောက်နှစ်မှာ ၂ ပေါင် ထပ်ကျတယ်။”
သူမပြောသေးတာက “ကျမအလေးချိန်ကျတာဟာ ဆေးချည်းသက်သက်ကြောင့် မဟုတ်ဘူး။ အပတ်တိုင်း အစားအစာ အကြံဥာဏ်ယူတာ နဲ့ လေ့ကျင့်ခန်းလုပ်တာတွေလဲ အရေးပါတဲ့ အချက်တွေ ဖြစ်ပါတယ်။”
Dr. တင့်ဆွေ
၁၈-၇-၂ဝ၁၂
ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာ ရှိပါက
ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ဖြစ်နေတဲ့ လက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။ လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ အိမ်ထောင်၊ ကလေး ရှိ-မရှိ။ နေတဲ့တိုင်းပြည်။ "လူနာမည်၊ နေရပ်လိပ်စာ အတိအကျ ကိစ္စမရှိပါ။" ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည် သာမက Generic name ဆေးနာမည် ထည့်ရေးပါ။ ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ Facebook ကနေ မေးတာလဲ ပြန်ရှာရတာမလွယ်လို့ အဆင်မပြေပါ။ drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။ ဆေးပညာစာတွေ ဖတ်လိုပါရင် မာတိကာ အောက်ဆုံးမှာ ရှိပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://dts-medicaleducation-adult.blogspot.in/ အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://yamunaclinic.org/ ယမုန်နာ ဆေးခန်း
- http://facebook.com/tint.swe.dr Facebook
ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ဖြစ်နေတဲ့ လက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။ လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ အိမ်ထောင်၊ ကလေး ရှိ-မရှိ။ နေတဲ့တိုင်းပြည်။ "လူနာမည်၊ နေရပ်လိပ်စာ အတိအကျ ကိစ္စမရှိပါ။" ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည် သာမက Generic name ဆေးနာမည် ထည့်ရေးပါ။ ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ Facebook ကနေ မေးတာလဲ ပြန်ရှာရတာမလွယ်လို့ အဆင်မပြေပါ။ drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။ ဆေးပညာစာတွေ ဖတ်လိုပါရင် မာတိကာ အောက်ဆုံးမှာ ရှိပါတယ်။
- http://dts-medicaleducation.
- http://dts-medicaleducation-adult.blogspot.in/ အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ
- http://yamuna-online-clinic.
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://yamunaclinic.org/ ယမုန်နာ ဆေးခန်း
- http://facebook.com/