ကျွန်တော် Pediatrician ကလေးအထူးကုဆရာဝန် မဟုတ်ပါ။
သက်ရှိလူတွေနဲ့ တိရစ္ဆာန်မှန်သမျှ ရေသောက်မှ အသက်ရှင်တယ်။ ဒါကအခြေခံ။ “ကလေးကို မွေးလာပြီး ဘယ်တော့ ရေ စတိုက်မလဲ” ဆိုတာ အရင်ကတော့ မေးစရာမလိုတဲ့ မေးခွန်း ဖြစ်ပါတယ်။ ကလေးအထူးကု ဆရာဝန်တွေ မပေါ်ခင်ကတည်းက လူသန်းထောင်ပေါင်းများစွာဟာ ကမ္ဘာမှာ မွေးလာခဲ့ပြီး ဖြစ်ပါတယ်။
အခုတော့ ကလေးမိဘတွေ၊ အသိမိတ်ဆွေတွေ၊ ဆရာဝန်တွေအကြား အမြင်မတူကြပါ။ ဘယ်ဟာ ယူမလဲ။ အယူအဆတွေ၊ အတွေးအမြင်တွေဆိုတာ ကာလရွေ့လျောတာနဲ့ ပြောင်းတယ်။ သိပ္ပံပညာ၊ ဆေးပညာမှာလဲ ပြောင်းတယ်။ ကျန်းမာရေး အသိရှိသူတွေက ကလေး ၆ လပြည့်မှ ရေတိုက်ရတယ်လို့ ပြောကြတယ်။ ဆရာဝန်တွေက “မိခင်နို့ဖြစ်ဖြစ်၊ နို့ဗူးဖြစ်ဖြစ်မှာ ကလေးလိုအပ်တဲ့ရေ အလုံအလောက်ရတာမို့ ၆ လအောက်ကလေးကို ရေအပိုတိုက်စရာ မလိုပါ” တဲ့။ တချို့က ၂ လ မပြည့်ခင် မတိုက်ချင်ပါနဲ့တဲ့။
WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကလဲ “ကလေး ၆ လအတွင်းမှာ ရေတောင်မှ တိုက်စရာမလိုပါ” လို့ အကြံပြုထားပါတယ်။ ဒီအကြံပြုချက်ဟာ Breast milk မိခင်နို့ရဲ့ ပြည့်စုံမှုကို အလေးပေး ဖေါ်ညွှန်းချက်ဖြစ်တာ သတိပြုပါ။ ရေရဲ့ ဘေးထွက်-ဆိုးကျိုးအနေနဲ့ ပြောတာ မဟုတ်ပါ။ မအေနို့က အဆင်မပြေမှသာ Formula နို့မှုံ့တိုက်ပါလို့ ဆက်ရေးထားပါတယ်။
မိခင်နို့ထဲမှာ ရေ ၉ဝ-၉၈% ပါတယ်။ Colostrum နို့ဦးရည်ကြည်ဟာ ကလေးမွေးပြီး ၃၇ စီစီ ထွက်တယ်။ ၅ ရက်သားမှာ တနေ့ကို နို့ရည် ၅ဝဝ စီစီ ထွက်တယ်။ ၃-၅ လ ရှိရင် တနေ့မှာ ၇၅ဝ စီစီ ထွက်တယ်။ ၆ လ မှာ ၈ဝဝ စီစီ ထွက်တယ်။ နို့ဦးရည်ကြည်မှာ (အင်တီဘော်ဒီ) ခေါ်တဲ့ ရောဂါခံနိုင်စွမ်း ပါတယ်။ နို့မှုံ့မှာ ဒါမပါဘူး။
American Academy of Pediatrics အမေရိကန် ကလေးဆရာဝန်များ အကယ်ဒမီကပြောတာက “အစားမာမစားမချင်း ကလေးက ရေအပိုလိုဘူး” တဲ့။ ကလေး ၆ လပြည့်တဲ့နောက် ရေတိုက်ဘို့ ဘာလို့လိုသလဲဆိုတဲ့ အချက်တွေထဲမှာ (ဖလိုရွိုက်) ဓါတ်ဆား လိုအပ်လာတာဖြစ်တယ်။
Debbi Donovan ဆိုတဲ့ လက်မှတ်ရ နို့တိုက်အတိုင်ပင်ခံကပြောတာက “ရေထဲမှာ ဘာအာဟာရဓါတ်မှ မပါလို့ ဘာ (ကယ်လိုရီ) မှ မရစေဘူး။ ကယ်လိုရီ မပါတာ တိုက်လို့ ကလေးကိုယ်အလေးချိန် ကျစေမယ်။” ဒါပေမဲ့ အိန္ဒိယကလူတွေ ရေအတော်သောက်ကြတယ်။ ဧည့်သည်လာရင် ရေအရင်တိုက်ရတယ်။ တချို့ဧည့်သည်က ရေတခွက်နဲ့ အားမရလို့ ထပ်တောင်းသေးတယ်။ သူတို့ဆီမှာ ယောက်ျား၊ မိန်းမ ဗိုက်ထွက်အောင် ဝကြတယ်။
ကလေးအထူးကု တချို့ကတော့ ရေကြောင့် ကျောက်ကပ်ကနေ ဓါတ်ဆားတွေပါ ထုတ်ပေးရမှာမို့ ဓါတ်ဆားနည်းစေမယ်။ Sai Sanjeevini Foundation (ဆိုင်း ဆန်ဂျီးဗီနီ ဖေါင်ဒေရှင်း) ကနေ ထောက်ပြထားတာတခု ရှိပါတယ်။ “ကလေး ၆ လ မပြည့်ခင် ရေမတိုက်ပါနဲ့ဆိုတာ အန္တရာယ်ရှိတဲ့ အကြံပြုချက်ဖြစ်တယ်” တဲ့။ “ဘာလို့လဲဆိုတော့ အဲလိုသာ ရေမတိုက်ရင် ကလေးရဲ့ ကျောက်ကပ်ဟာ ပြန်ပြင်မရတဲ့ ပျက်စီးမှု ဖြစ်စေနိုင်တယ်” လို့ ဆိုပါတယ်။
ကလေးကို ရေခဏခဏတိုင်ရင် နို့စို့တာနည်းမယ်၊ နို့ထွက်နည်းမယ်။ ရေတိုက်ရင် Bilirubin (ဘီလီရူဘင်) တက်စေပြီး Jaundice အသားဝါစေမယ်။ တချို့ပညာရှင်တွေက အတော်ကြောက်စရာကောင်းတဲ့ ရောဂါတွေနဲ့ ထောက်ပြတယ် (ခြောက်ကြတယ်)။ ရေကတဆင့် ကူးစက်ရောဂါတွေ ရစေနိုင်တယ်။ အာဟာရ ချို့တဲ့မယ်။ ဝမ်းပျက်မယ်။ မျက်နှာတခြမ်း လေဖြတ်မယ်။ သွေးထဲ ပိုးရောက်မယ်။ ဦးနှောက်မှေး ရောင်မယ်။ ရေအပိုတိုက်လို့ သွေးထုထည်တိုးပြီး နှလုံးက အလုပ်ပို လုပ်ရမယ်။ နောက်ပြီး ရေဆိပ်သင့်တာ ဖြစ်စေမယ်။ ဒါက (သီအိုရီ) သာ ဖြစ်ပါတယ်။ ဘယ်မိဘတွေကမှ အဲလောက်အထိ ကလေးကို ရေမတိုက်ကြပါ။ ကလေးကလဲ မသောက်ပါ။
“မိခင်နို့မှာ ရေပြည့်စုံနေပြီးဖြစ်တယ်” ဆိုတဲ့အချက်ကို သတိပြုရမယ် ထင်ပါတယ်။ တကယ်လို့ မိခင်က မအားလပ်၊ ကလေးကဆာ၊ ငိုနေရင် ဘာလုပ်မလဲ။ မိခင်နို့တိုက်တာမို့ နို့ဗူးလဲအဆင်သင့်မရှိတော့ ရေတိုက်တာထက် ကောင်းတာ ဘာရှိပါသလဲ။ အဆာလဲပြေအောင် အချို (ပျားရည်) နည်းနည်းလေးပါရောတိုက်ပြီး ကြီးလာခဲ့တဲ့ကလေး သန်းပေါင်း များစွာရှိတယ် မဟုတ်ပါလား။ အထက်ကထောက်ပြထားတဲ့ ရောဂါတွေ တခုချင်းအကြောင်းကို ဖတ်ကြည့်ပါ။ ရေ (ရေသန့်) တိုက်လို့ ဖြစ်ပါတယ်ဆိုတာ တနေရာမှ မတွေ့ပါ။
ကလေးမွေးကတည်းက -
• နေမကောင်းရင်၊ ကိုယ်ပူရင် ရေလိုမယ်။
• ရာသီဥတု ပူပြင်းချိန်မျိုးမှာ ရေလိုတယ်။
• ဝမ်းချုပ်နေတာဟာ ရေလိုလို့ဖြစ်တယ်။
• ဝမ်းပျက်ရင် ORS ဓါတ်ဆားရေ မလွဲမသွေ တိုက်ရပါမယ်။ နို့နဲ့မဖျော်ပါ ရေနဲ့ဖျော်ရတာပါ။
ဒေါက်တာတင့်ဆွေ
၂၄-၈-၂ဝ၁၂
ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာ ရှိပါက
ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ဖြစ်နေတဲ့ လက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။ လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ အိမ်ထောင်၊ ကလေး ရှိ-မရှိ။ နေတဲ့တိုင်းပြည်။ "လူနာမည်၊ နေရပ်လိပ်စာ အတိအကျ ကိစ္စမရှိပါ။" ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည် သာမက Generic name ဆေးနာမည် ထည့်ရေးပါ။ ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ Facebook ကနေ မေးတာလဲ ပြန်ရှာရတာမလွယ်လို့ အဆင်မပြေပါ။ drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။ ဆေးပညာစာတွေ ဖတ်လိုပါရင် မာတိကာ အောက်ဆုံးမှာ ရှိပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://dts-medicaleducation-adult.blogspot.in/ အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://yamunaclinic.org/ ယမုန်နာ ဆေးခန်း
- http://facebook.com/tint.swe.dr Facebook
ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ဖြစ်နေတဲ့ လက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။ လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ အိမ်ထောင်၊ ကလေး ရှိ-မရှိ။ နေတဲ့တိုင်းပြည်။ "လူနာမည်၊ နေရပ်လိပ်စာ အတိအကျ ကိစ္စမရှိပါ။" ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည် သာမက Generic name ဆေးနာမည် ထည့်ရေးပါ။ ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ Facebook ကနေ မေးတာလဲ ပြန်ရှာရတာမလွယ်လို့ အဆင်မပြေပါ။ drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။ ဆေးပညာစာတွေ ဖတ်လိုပါရင် မာတိကာ အောက်ဆုံးမှာ ရှိပါတယ်။
- http://dts-medicaleducation.
- http://dts-medicaleducation-adult.blogspot.in/ အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ
- http://yamuna-online-clinic.
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://yamunaclinic.org/ ယမုန်နာ ဆေးခန်း
- http://facebook.com/


