ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Wednesday, December 5, 2012

Cholesterol (2) ကိုလက်စထော (၂)

• (ကိုလက်စထော) ဆိုတာ (၂) မျိုးရှိတယ်။ LDL ဆိုတာက အဆိုး နဲ့ HDL က အကောင်းဖြစ်တယ်။
• သံသယရှိသူတိုင်းကို Lipid profile ဆိုတာ အစစ်ခိုင်းတယ်။ LDL တခုတည်းသာ ကြည့်ရတာ မဟုတ်ပါ။ တခြား နံပါတ်တွေကိုလဲ ကြည့်ရတယ်။ LDL, HDL, Triglycerides နဲ့ Total cholesterol ဆိုတာတွေ အားလုံး သိဘို့လိုတယ်။
• LDL များနေသူမှာ သွေးလွှတ်ကြောလေးတွေကို ပိတ်တာ ဖြစ်လာနိုင်တယ်။
• LDL နည်းလေ ကောင်းလေဖြစ်တယ်။ ဒါတခုတည်းတော့မဟုတ်သေးဘူး။ ဆီးချို၊ အသက်အရွယ်၊ မိသားစု နှလုံးရောဂါ ရာဇဝင်၊ ဆိုတာတွေကိုပါ ထည့်သွင်းစဉ်းစားရမယ်။
• LDL levels ဓါတ်ခွဲခန်းအဖြေမှာ -
- လူအများစုမှာ 130 mg/dL ထက်နည်းနေသင့်တယ်။
- နှလုံးရောဂါ အလားအလားရှိနေရင် 100 mg/dL ထက်နည်းနေသင့်တယ်။
- နှလုံးရောဂါ အန္တရယ်ရှိနေပြီဆိုရင်တော့ 70 mg/dL ထက်နည်းနေသင့်တယ်။
• Triglycerides ဆိုတာ အဆီတမျိုးဖြစ်တယ်။ ကိုယ်ထဲမှာ စုဆောင်းထားတယ်။ (အင်နာဂျီ) လိုလာရင် ထုတ်သုံးတယ်။ သကြားပါတာ အများကြီးစားပြီး (ကယ်လိုရီ) များရင် (ထရွိုင်ဂလစ်ဆရိုက်) တွေများလာမယ်။
• Total cholesterol 200 mg/dL ထက်နည်းတာ အကောင်းဆုံးဖြစ်တယ်။
- 200-239 ဆိုတာ ကြားကျတယ်။
- 240 ထက်ကျော်ရင် များတယ်။
- စစ်ရင် Fasting test ဘာမှမစားဘဲ ဓါတ်ခွဲခန်းသွားစစ်တာအဖြေမှန်မယ်။
- နှလုံးကို ကာကွယ်ချင်ရင် Triglyceride ကို 150 mg/dL နည်းအောင် ဦးတည်စားသောက်၊ နေထိုင်ပါ။ တချို့ဆရာဝန်တွေက 100 mg/dL ဆိုတာအကောင်းဆုံးလို့ သတ်မှတ်တယ်။
- Triglyceride 150 -199 mg/dL ဆိုတာ ကြားကျတယ်။
- Triglyceride 200 – 499 များတယ်။
- Triglyceride 500 ထက်ကျော်ရင် အလွန်များတယ်။
• ဟော်တယ်တွေ၊ အနောက်နိုင်ငံတွေမှာ မနက်စာအဖြစ်စားသုံးလေ့များတဲ့
- Bacon ဝက်ပေါင်ခြောက်က အဆီတွေများလို့ ဆိုးစေတယ်။
- Chocolate cake ချောကလက်ကိတ်မုံ့ကလဲ အတူတူဘဲ။
- Alcohol အရက်ထဲမှာလဲ ကလိုရီ နဲ့ သကြားဓါတ် မနည်းလှဘူး။ Triglyceride levels များစေနိုင်တယ်။
• Diabetes ဆီးချိုရောဂါရှိနေရင်လဲ Triglyceride levels များနေနိုင်တယ်။
- Lose extra pounds ကိုယ်အလေးချိန်လျှော့ချပါ၊
- Exercise ကိုယ်လက်လေ့ကျင့်ခန်းပိုလုပ်ပါ၊
- Fiber များများပါတဲ့ Beans ပဲသီး၊ Veggies ဟင်းသီးဟင်းရွက်တွေနဲ့ Whole grains သိပ်ဖြူဆွတ်အောင်ချွတ်မထားတဲ့ အစေ့အဆံတွေ စားသုံးပါ။
• Good cholesterol level (HDL) ကောင်းတဲ့ (ကိုလက်စထော) က 60 နဲ့အထက်ရှိနေရင် နှလုံးရောဂါကို ကာကွယ်ရာ ကျတယ်။ ဒီအမျိုးအစားနည်းနေတာဟာ မကောင်းပါ။
- ယောက်ျားတွေဆိုရင် 40 mg/dL ထက်နည်းနေရင်၊
- မိန်းမတွေဆိုရင် 50 mg/dL ထက်နည်းနေရင် မကောင်းပါ။
- အုံးသီးဆံ၊ အုံးရည်တွေမှာ ဆိုးတဲ့ (ကိုလက်စထော) ပါနေမဲ့ Saturated fat တွေပါတယ်။
- Walnuts သစ်ကြားသီးကို အသင့်အတင့်စားပေးတာဟာ Junk-food snack ဆိုင်ကနေ အလွယ်ဝယ်ရတဲ့ ခေတ်ပေါ်အစားအစာ၊ သွားရည်စာတွေထက် ကောင်းတယ်။ ဘာလို့လဲဆိုတော့ သူ့ထဲမှာ Fiber (ဖိုင်ဘာ) နဲ့ Omega-3 (အိုမီဂါ ၃) တွေပါလို့ဖြစ်တယ်။

• Cholesterol (ကိုလက်စထော) http://dts-medicaleducation.blogspot.in/2012/06/cholesterol.html
• Triglyceride and Sinus bradycardia နှလုံးခုန် နှေးလွန်းတာ မကောင်းပါ http://dts-medicaleducation.blogspot.com/2011/03/triglyceride-and-sinus-bradycardia.html

ဒေါက်တာတင့်ဆွေ
၅-၁၂-၂ဝ၁၂