ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

• (ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်

Wednesday, December 19, 2012

Eye twitching မျက်ခွံလှုတ်ခြင်း

Wed, Dec 19, 2012 at 1:00 AM
My under eye area on the left side has been twitching non stop for about a week now. At first I thought it was just stress and lack of sleep but there is not even a pause since the beginning so I become worried as well as irritated. I drink soy milk/milk on a daily basis and exercise regularly too. I am 30 yrs old, 5'2'' 48lbs female. I am married but not on contraception pills.

One thing I did do lately was I added a pinch of turmeric powder in my milk twice a day as it's supposed to help with clear skin and pigmentation. I added turmeric powder in my face mask too. Would that be the cause of eye twitching? Another thing is it's around -10 where I live now so my eyes got tired and dry sometimes. And I have been having that ခေါင်းအုံဇက်လေး kind of thing too. It's not migraine or bad headache but I could hear the pulse dubbing and just not very pleasant.

မျက်ခွံလှုတ်တာဟာ ဆက်တိုက်လှုတ်နေတာဖြစ်ပေမဲ့ ဆေးပညာမှာ Benign လို့ သတ်မှတ်ပါတယ်။ စိုးရိမ်စရာတော့ မရှိပါ။ ကျန်းမာရေး နောက်ခံတခုခုကနေတော့ ဖြစ်နိုင်တယ်။ ခက်တာက ပျောက်အောင်ကုဘို့ခက်တာဖြစ်နေတယ်။

- Stress စိတ်ဖိအားများနေခြင်း၊
- Tiredness မောပန်းနေခြင်း၊
- Eye strain မျက်စိအသုံးပြုတာများသွားခြင်း၊ (Computer eye strain ရေးထားပါတယ်။)
- Caffeine (ကေဖင်း) ပါတာ သောက်ခြင်း၊
- Alcohol အရက်၊
- Dry eyes မျက်စိခြောက်သွေ့နေခြင်း၊ (Antihistamines, Antidepressants ဆေးတွေကြောင့်လဲ ခြောက်နိုင်တယ်။ မျက်စိခြောက်တာအတွက် မျက်စဉ်းတွေလဲရေးထားတယ်။)
- Allergies (အလာဂျီ) ဖြစ်ခြင်းတွေကနေ ဖြစ်စေနိုင်တယ်။ (ရေးထားပါတယ်။)
- Mmagnesium (မက်ဂနီဆီယမ်) ဓါတ်နည်းနေရင်လဲဖြစ်နိုင်တယ်။ အားဆေးဆိုတာထဲမှာ ဒီဓါတ်ပါတာကို ရွေးသောက်နိုင်တယ်။

အမျိုးအစား (၃) ခုခွဲတယ်။
၁။ Minor eyelid twitch သာမန်၊
၂။ Benign essential blepharospasm အလတ်စား နဲ့
၃။ Hemifacial spasm ခေါ်တဲ့အာရုံကြောရောဂါဖြစ်တယ်။

Minor eyelid twitch သာမန်လေးဖြစ်တာက Conjunctiva မျက်စိအတွင်းခံကိုဖုံးနေတဲ့ အလွှာပါးလေးဖြစ်ဖြစ် Cornea မျက်ကြည်လွှာဖြစ်ဖြစ်ကို နေမထိသလို ကလိတာတခုခုဖြစ်နေတာကြောင့်ဖြစ်တတ်တယ်။ များသောအားဖြင့် ဘာလို့လဲ ရှာမရဘူး။

Benign essential blepharospasm အမျိုးအစားက အသက်ကြီးလာရင် ပိုဆိုးလာတတ်တယ်။ အမေရိကားမှာ လူ ၂ သောင်းကနေ ၅ သောင်းအထိဖြစ်နေတယ်။ ဆိုးတဲ့ရောဂါတော့ မဟုတ်ပါ။ အားယုတ်တာ၊ စိတ်ဖိအားများတာ၊ အလင်းရောာင်၊ နေ၊ လေ စတဲ့ ပတ်ဝန်းကျင် အခြေအနေတွေကြောင့် ဖြစ်တယ်။ တိုးလာတာနဲ့ နေရောင်ကို မရင်လိုမခံနိုင်ဖြစ်လာတယ်။ မျက်စိကြည့်ရတာလဲ မကောင်းတော့ဘူး။ သုတေသနလုပ်သူတချို့က မျိဲးရိုးနဲ့ ပါတ်ဝန်းကျင်ကိုထင်ကြတယ်။

Hemifacial spasm ဆိုတာက ရှားတယ်။ ဖြစ်ရင် မျက်ခွံကြွက်သားသာမကဖြစ်တယ်။ ပါးစပ်နေရာမှာလဲ လှုတ်တယ်။ မျက်နှာတဖက်သပ်ဖြစ်တယ်။ သွေးလွှတ်ကြောကနေ အာရုံကြောကိုဖိမိနေလို့ ဖြစ်ရတယ်။

ဘယ်လိုကုသမလဲ
သာမန်အမျိုးအစားအတွက် ဖြစ်တာ ဘာလို့မသိတော့ ကုသရတာလဲ တိတိကျကျမရှိဘူး။ များသောအားဖြင့် အလိုလို ပျောက်မယ်။ အလုပ်နားလိုက်တာ၊ မျက်စိအသုံးချတာ နားလိုက်တာ၊ အရက်၊ ကော်ဖီသောက်တာနားဘို့လိုသူတွေက နားရမယ်။ အိပ်ပျော်နေတုံးမှာ မလှုတ်တာမို့ အနားယူဘို့လိုမယ်ဆိုတာကို ပြနေတယ်။ မျက်စိခြောက်တာလို့ထင်ရင် Artificial tears မျက်ရည်တုမျက်စဉ်းသုံးပါ။

Benign essential blepharospasm ကိုကုသနည်းလဲ သတ်သတ်မှတ်မှတ်မရှိသေးပါ။ Botulinum toxin (Botox or Xeomin) ဆေးထိုးနိုင်တယ်။ အမှန်က Hemifacial spasm အတွက်ဆိုရင် ဒီနည်းကိုသေခြာသုံးရတယ်။ Clonazepam, Lorazepam, Trihexyphenidyl ဆေးတွေကိုလဲ သုံးကြတယ်။ ရေတိုအတွက်သက်သာစေတယ်။ ၁၅% သာ ကောင်းတာ တွေ့ရတယ်။

တခြားကုသနည်းတွေအဖြစ် -
- Biofeedback စက်ကရိယာနည်း၊
- Acupuncture အပ်စိုက်နည်း၊
- Hypnosis အိပ်မွေ့ချနည်း၊
- Nutrition therapy တွေရှိတယ်။ ဆေးပညာအရ ထောက်ခံချက် တိတိကျကျမပေးနိုင်ပါ။

ဘယ်နည်းနဲ့မှ မရရင်တော့ ခွဲစိတ်နည်းလုပ်နိုင်တယ်။ Blepharospasm ဖြစ်တာကို Myectomy ခွဲစိတ်နည်း လုပ်ပေးရင် ၇၅-၈၅% ကောင်းကြတယ်။ လှုတ်စေတဲ့ အာရုံကြောကိုဖြတ်ပေးတာဖြစ်တယ်။ Hemifacial spasm ဖြစ်နေသူတွေကိုလဲ Neurosurgical procedure ခွဲစိတ်နည်းနဲ့ သွေးလွှတ်ကြောကနေ အာရုံကြောကိုဖိနေတာ သက်သာအောင်လုပ်တယ်။ ဒါပေမဲ့ ဘေးထွက် ဆက်ဖြစ်လာမှာတွေကို သတိထားရတယ်။

ဒေါက်တာတင့်ဆွေ
၁၉-၁၂-၂ဝ၁၂