ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Sunday, December 30, 2012

How to lessen the effects of Alcohol အရက်မူးတာ သက်သာအောင်

Sun, Dec 30, 2012 at 12:49 AM
အရက်မူးပြေအောင် ဆေးသောက်လို့ရပါသလား။ ဆေးညွှန်ပေးပါအုံးဆရာ။ ကားမူးပျောက်ဆေး သောက်လို့ ရပါသလား။

ကားမူးပျောက်ဆေး၊ တခြားအမူးပျောက်ဆေးတွေနဲ့ မရပါ။
၁။ ရေများများသောက်ပါ။ ရေအေးပါစေ။
၂။ ရေချိုးလိုက်ပါ။ ရေးတာက ပိုကောင်းတယ်။
၃။ အစာစားပါ။ ဖျော်ရည်တွေလဲ သောက်ပါ။ ကေဖင်းပါတာ (ဥပမာ ကော်ဖီ) သောက်ပါ။
၎။ လူနေပုံစံ ပြောင်းလဲပါ။ အဝတ်အစား၊ အမွေးနံ့သာ၊ မျက်နှာအမူအယာ အသွင်ပြောင်းလဲပါ။
၅။ အရက်က နှိပ်စက်တာတွေသိအောင်လုပ်ပါ။

• အစားအသောက်ဝင်ရင် အစာအိမ်ထဲ အူထဲမှာကို ရှိနေသေးတဲ့ အရက်တွေ သွေးထဲစုပ်ယူမှာကိုနှေးကွေးစေမယ်။
• (ဘီဘီစီ) အစီရင်ခံချက်တခုအရ အဆီပါတဲ့အစာကို ပိုထိရောက်တာသိရတယ်။
• အကြံကောင်းတော့ မဟုတ်ပါ၊ ဆေးလိပ်သောက်တာကလည်း အရက်ကနေဖိစီးတာ နည်းစေတယ်။
• အကြံကောင်းတခုက ပျားရည်ကလဲ သက်သာစေတယ်လို့ Royal Society of Chemistry ကနေပြောပါတယ်။ ဥပမာ ညတုံးက အရက်သောက်ထားရင် မနက်မှာ ပေါင်မုံ့နဲ့ပျားရည်သုတ်တာ စားပါ။
• Antioxidants ဆိုတဲ့ အသီးတွေအရွက်တွေမှာ ပါတာတွေက အဆိပ်အတောက်တွေကို သက်သာစေတယ်။
• Vitamins A, C and E plus Selenium တွေပါတဲ့အားဆေး ကောင်းတယ်။
• Vitamin B1 သောက်ရင် (ကော်တာကော့ဖ်-ဆင်ဒရုမ်း) ကို ကာကွယ်နိုင်တယ်။
• လူပေါင်း တသိန်း၊ နှစ်သောင်း၊ ငါးထောင်ကို လေ့လာမှုတခုလုပ်တော့ နေ့စဉ် ကော်ဖီတခွက်သောက်တာက Alcoholic cirrhosis အသဲခြောက်မှာကို ၂ဝ% သက်သာစေတာတွေ့ရတယ်။ တနေ့ ၄ ခွက်သောက်ရင် ၈ဝ% သက်သာတယ်။

Alcohol အရက်ဟာ Highly neurotoxic ဖြစ်လို့ အာရုံကြောကို အကြီးအကျယ်ထိခိုက်စေတယ်။ အာရုံကြောဆိုတာ တခြား (တစ်ရှူး) တွေလို အသစ်ပြန်မဖြစ်နိုင်လို့ ပျက်ရင် ရာသက်ပန်ပျက်စီးသွားတယ်။ Peripheral neuropathy အဖျားအနား အာရုံကြောရောဂါ၊ Atrophy of brain tissue ဦးနှောက်ကြုံလှီတာတွေ ဖြစ်နိုင်တယ်။ Korsakoff’s Syndrome (ကော်ဆာကော့ဖ်-ဆင်ဒရုမ်း) ဆိုတာက Alzheimers (အဇာမိုင်ယား) ရောဂါလို အနီးကပ် ဖြစ်ပျက်တာတွေကို မေ့တယ်။

၂ဝ၁ဝ ခုနှစ်က သြစတြေးလျတောင်ပိုင်းလူဦးရေကို လေ့လာမှုလုပ်တော့ အသက် ၁၄ နှစ်အထက်ရှိသူတွေထဲက ၈၁% ဟာ ပြီးခဲ့တဲ့နှစ်က အရက် (တန်းမီအဆင့်) သောက်ခဲ့တယ်လို့ သိရတယ်။ Standard drinks တန်းမီအဆင့်ဆိုတာ အရက် ၁ဝ ဂရမ်ပါတာကို ဆိုလိုတယ်။ ဝိုင်တပုလင်း (၂ဝဝ စီစီ) ဟာ တန်းမီအရက် ၂ နဲ့ညီမျှတယ်။ ဒီအတွက်လူတွေဟာ ငွေ ၁၅ ဘီလျန်ကျော် သုံးစွဲခဲ့ကြတယ်။ မြန်မာပြည်က မကောင်းတာတွေဆိုရင် (လူ့အခွင့်အရေး၊ မူးယစ်ဆေး) ကမ္ဘာ့အဆင့်မီတတ်တယ်။

Effects on Behavior အမူအယာအပြောင်းအလွဲများ
•့ ဝ၅ ဂရမ်% = စကားများ၊ စိတ်တင်းအားလျှော့ကျ၊ ကိုယ့်ကိုယ်ကို ပိုယုံကြည်လာ။
•့ ဝ၅ -့ ဝ၈ ဂရမ်% = စကားပိုများ၊ ကိုယ့်ကိုယ်ကို ပိုယုံကြည်တာနဲ့အညီ လိုက်လုပ်လာ၊ ဆုံးဖြတ်ချက်ချတာနဲ့ ကိုယ်လက်လှုတ်ရှားတာတွေ လွဲချော်လာ၊ ထိန်းရမှာမထိန်းတော့။
•့ ဝ၈ -့ ၁၅ ဂရမ်% = စကားတွေနှေးကွေးလာ၊ ကိုယ်ကိုထိန်မတ်မှု ယိုင်လာ၊ ဆီး-ဝမ်းစတဲ့သွားရာအပေါက်ဝတွေက အထိန်းတွေ ပြေလျှော့လာ၊ မျက်စိအမြင်ဝေဝါးလာ၊ စိတ်လှုတ်ရှားမှုက တမျိုးတမျိုးဖြစ်လာ (ဝမ်းသာလိုက်၊ စိတ်ဓါတ်ကျလိုက်)၊ ပျို့-အန်။
•့ ၁၅ -့ ၃ဝ ဂရမ်% = တယောက်တည်း လမ်းကောင်းကောင်းမလျှောက်နိုင်တော့၊ အားအင်မရှိ၊ အိပ်ချင်၊ အသက်ရှူပြင်းထံလာ၊ အဖြစ်အပျက်တွေ သတိမရတော့၊ ဆီးမထိန်းနိုင်ဘဲ တွေ့ရာနေရာမှာ သွားချ၊ သတိလက်လွတ်ဖြစ်လာ၊
•့ ၃ဝ ဂရမ်% ထက်ကျော် = သတိမေ့မျော၊ သေဆုံး။

Intoxication risks အရက်ဆိပ်အန္တရာယ်များ -
• ၄၄% = သာမန်ထိခိုက်ဒဏ်ရာ၊
• ၃၄% = လိမ့်ကျခြင်း၊ ရေနစ်ခြင်း၊
• ၃ဝ% = လမ်း-ယာဉ် ထိခိုက်မှု၊
• ၁၆% = ကလေးသူငယ် စော်ကားမှုဖြစ်ခြင်း၊
• ၁၂% = ကိုယ့်ကိုယ်သတ်သေ၊
• ၁ဝ% = အပြင်းအထံထိခိုက်မှု။

Long-term effects ရေရှည်ထိခိုက်သက်ရောက်မှုများ -
လေ့လာမှုလုပ်ထားတဲ့ သြစတြေးလျမှာ တနှစ်ကို လူပေါင်း ၃ဝဝဝ အရက်လွန်ရာကနေ သေကြတယ်။ လူပေါင်း တသိန်းလောက် ဆေးရုံရောက်ကြတယ်။
• Heart damage အသဲထိခိုက်ခြင်း၊
• High blood pressure and stroke သွေးတိုးတက်ပြီး ဦးနှောက်ထိခိုက်ခြင်း၊
• Liver disease အသဲရောဂါတွေရခြင်း၊
• Cancers of the digestive system အစာလမ်းကြောင်း ကင်ဆာဖြစ်ခြင်း၊
• Other digestive system disorders အစာလမ်းကြောင်း အနာဖြစ်ခြင်း၊
• Sexual impotence and reduced fertility လိင်ဆက်ဆံမှုလျော့နည်းခြင်း၊ ပန်းသေပန်းညှိုးဖြစ်ခြင်း၊
• Increasing risk of breast cancer အမျိုးသမီးများ ရင်သားကင်ဆာဖြစ်နှုန်းများခြင်း၊
• Sleeping difficulties အိပ်ရေးပျက်ခြင်း၊ ခက်ခြင်း၊
• Brain damage with mood and personality changes ဦးနှောက်-အာရုံကြောထိခိုက်ရာက အမူအယာပြောင်းခြင်း၊
• Concentration and memory problems မှတ်ဥာဏ်ချို့ယွင်းခြင်း၊ အာရုံစိုက်မှုနည်းပါးလာခြင်း၊
• Nutrition-related conditions အစာအာဟာရနဲ့ဆက်စပ်ဖြစ်ခြင်းများ၊
• Risks to unborn babies ကိုယ်ဝန်ဆောင်ဆိုရင် အထဲကကလေးကိုထိခိုက်ခြင်း၊
• Relationships, finances, work, and may result in legal problems လူမှုဆက်ဆံရေး၊ အိမ်ထောင်ရေး၊ ငွေရေးကြေးရေး၊ အလုပ်ခွင်၊ စာသင်ကြားမှု၊ ရာဇဝတ်မှု စသည်တို့မျာ ပြဿနာဖြစ်ခြင်း။

• Antioxidants (အင်တီ-အောက်စီဒင့်) http://dts-medicaleducation.blogspot.in/2012/03/antioxidants.html
New Year Habit နှစ်သစ်ကူးရောဂါ http://dts-medicaleducation.blogspot.in/2009/01/new-year-habit.html

ဒေါက်တာတင့်ဆွေ
၃ဝ-၁၂-၂ဝ၁၂