ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Sunday, January 27, 2013

High Blood Pressure Aftermath သွေးတိုးကျဆေး သတိပေးပါရစေ

ဆေးတိုင်းမှာ ဘေးထွက်-ဆိုးကျိုးရှိပါတယ်။
သွေးတိုးရောဂါရှိလို့ သောက်ရတဲ့ သွေးကျဆေးတွေမှာလဲ ရှိတာဘဲ။ ဒါပေမဲ့ ဆိုးကျိုး ကြောက်လို့ ဆေးမသောက်ဘဲ မနေပါနဲ့။ သွေးတိုးကျဆေး သတိပေးပါရစေ။ မသောက်ပါနဲ့လို့ မဟုတ်ပါ။ ဆက်သောက်ပါ။ လိုအပ်ရင် ဆရာဝန်ကို တိုင်ပင်ပါ။

“လူကြီး ၃ ယောက်မှာ ၁ ယောက် သွေးတိုးရှိတယ်။ ဒါပေမဲ့ ၆၁% ဟာ ဆေးကုသမှု လုံလောက်အောင်မယူကြဘူး။ ၃ ပုံ ၂ ပုံလောက်က သွေးတိုးကို ထိန်းထာတဲ့အထိ မလုပ်ကြဘူး” လို့ American Heart Association အမေရိကန် နှလုံးရောဂါ အသင်းက ထောက်ပြထားပါတယ်။ ဒီလိုဖြစ်နေရတဲ့ အကြောင်းတရားတွေထဲမှာ သွေးကျဆေးရဲ့ ဘေးထွက်-ဆိုးကျိုးကို ကြောက်လို့ ဆေးကို ဆရာဝန် ညွှန်တဲ့အတိုင်းမသောက်ကြတာလဲပါတယ်။

“သွေးတိုးကျစေတဲ့ဆေးပေါင်း ၂ဝဝ ရှိတယ်။ ဒီလိုအများကြီးထဲကနေ လူနာအတွက်အသင့်ဆုံးဆိုတာ ရွေးပေးရပါတယ်။” လို့ အမေရိကန် ဆေးပညာပါမောက္ခ ဒေါက်တာ သောမတ်စ်-ဂေးလ်စ် ကပြောပါတယ်။

ဆေးကြောင့်ဘာတွေခံစားရနိုင်သလဲ -
1. Fatigue and Dizziness အားယုတ်ပြီး ခေါင်းမူးဝေဝေနေခြင်း
သွေးတိုးတက်နေချိန်မှာ သွေးကျဆေးသောက်လိုက်တော့ တချို့နေရာတွေမျာ သွေးစီးလျှောက်မှု နည်းလာတာ ခံရတဲ့အထဲမှာ ဦးနှောက်လဲပါတယ်။ ဒါကြောင့်မူးဝေဝေုဖစ်တယ်။ မဆိုးလှပါ။ မစိုးရိမ်ပါနဲ့။

2. Cough ချောင်းဆိုးခြင်း
သွေးကျဆေးတွေထဲက ACE inhibitors အမျိုးအစားဟာ ဆေးသောက်နေသူ ၁ဝ-၁၅% ချောင်းဆိုးကြတယ်။ ဒီဆေးနဲ့သာ အဆင်ပြေနေရင် ဆေးသောက်တာရပ်မပြစ်ပနဲ့။ လိုလာရင် ဆရာဝန်က ဆေးပြောင်းပေးပါမယ်။ Accupril, Altace, Capoten, Lotensin, Monopril, Prinivil, Vasotec, and Zestril ဆိုတဲ့နာမည်တွေနဲ့လာတယ်။

3. Frequent Urinationဆီးခဏခဏသွားခြင်း
Diuretics ဆီးသွားအောင်လုပ်တဲ့ဆေးကိုသောက်ရရင် မနက်စောစေအချိန်မှာသောက်သင့်တယ်။ Hydrochlorothiazide (Hyzaar or Maxide) ဆေးတွေဖြစ်တယ်။ ထိရောက်ပါတယ်။

4. Fluid Retention ကိုယ်ရောင်ခြင်း
သွေးကျဆေးတွေထဲက ဆီးသွားစေတဲ့အမျိုးမဟုတ်ရင် အနည်းနဲ့အများ အနည်းအပါး ကိုယ်ရောင်စေနိုင်တယ်။ ခြေမျက်စိ၊ ခြေသလုံးမှာရောင်တယ်။ အထူးသဖြင့် Calcium channel blockers အုပ်စုသွေးကျဆေးတွေထဲက Amlodipine (Norvasc) နဲ့ Nifedipine (Procardia) တွေကရောင်စေတယ်။

5. Sexual Dysfunction လိင်ပိုင်းဆိုင်ရာအပြောင်းအလဲ
တချို့ယောက်ျားတွေမှာ Erectile dysfunction (ED) ပန်းညှိုးတာဖြစ်စေနိုင်တယ်။ တချို့ကိုဆေးပြောင်းပေမယ်။ လိုအပ်ရင် Viagra ဆေးပါ ညွှန်ပေးရင် အားလုံးအဆင်ပြေစေမယ်။

6. Heart Arrhythmia နှလုံးခုန်မမှန်ခြင်း
Diuretics ဆီးသွားစေတဲ့ဆေးကြောင့် Potassium (ပိုတက်ဆီယအ်) နည်းစေရာကနေပြီး နှလုံးခုန်မမှန်တာ ဖြစ်စေနိုင်တယ်။ ACE inhibitors နဲ့ Angiotensin receptor blockers ဆေးတွေကတော့ အဲလို မဖြစ်စေဘူး။

7. Allergic Reactions (အလာဂျီ) ရခြင်း
လူတိုင်းဟာ မတည့်တာရှိတတ်တယ်။ အစားအသောက်မတည့်သလို ဆေးကိုလဲမတည့်ကြဘူး။ တယောက်နဲ့ တယောက်တော့ မတူကြပါ။ မတည့်တာကိုတော့ ရှောင်ရတယ်။

သွေးတိုးရှိလို့ ဆေးသောက်နေရသူတိုင်း
1. Don't Quit Medication Abruptly သွေးကျဆေးကိုရုတ်တရက်ဖြတ်မပြစ်ပါနဲ့။
2. Treatment Adherence ဆေးကိုစွဲစွဲမြဲမြဲသောက်ပါ။
3. High blood pressure သွေးတိုးရောဂါဆိုတာ နာတာရှည်ဖြစ်တယ်။
4. ဆေးကုသမှု စနစ်တကျမရှိရင် Stroke ဦးနှေညက်သွေးကြောပျက်စီးတာ၊ Heart attack နှလုံး (အတက်) ရတာ၊ Heart failure နှလုံးကနိုင်အောင် အလုပ်မလုပ်နိုင်တော့တာ နဲ့ Kidney failure ကျောက်ကပ်ပျက်စီးတာတွေ ဆက်ဖြစ်လာနိုင်တယ်။ သွေးတိုးကို Silent killer တိတ်တိတ်လေး အသက်သေစေအောင်လုပ်တာလို့ ခေါ်ကြတယ်။ ခြောက်ပြောတာ မဟုတ်ပါ။
5. သွေးတိုးနှင့် တခြားဆေးတွေ -
• NSAIDs and High Blood Pressure အကိုက်အခဲပျောက်ဆေး Aspirin, Ibuprofen နဲ့ Naproxen တွေက သွေးတိုးတက်စေနိုင်တယ်။
• Cough and Cold Medications အအေးမိသက်သာဆေးတွေမှာလဲ NSAIDs တွေပါနေလို့ သွေးတိုးတက်စေနိုင်တယ်။
• Decongestants အအေးမိသက်သာဆေးထဲမှာပါတဲ့ ဒီဆေးမျိုးကနေလဲ သွေးတိုးတက်စေနိုင်တယ်။
• Migraine Headache Drugs (မိုင်ဂရင်း) ဆေးတွေကလဲ သွေးကြောကို ကျဉ်းစေတာမို့ သွေးဖိအားတက်စေနိုင်တယ်။
• Weight Loss Drugs ပိန်ဆေးတချို့ကနေလဲ သွေးတိုးများစေနိုင်တယ်။ Appetite suppressants စားချင်စိတ် နည်းစေတဲ့ ဆေးအမျိုးအစားတွေကို ပြောတာဖြစ်တယ်။

- Hypertension (1) သွေးတိုးရောဂါ (၁) http://dts-medicaleducation.blogspot.com/2008/10/high-blood-pressure.html
- Hypertension (2) သွေးတိုးရောဂါ (၂) http://dts-medicaleducation.blogspot.in/2012/06/hypertension.html

ဒေါက်တာတင့်ဆွေ
၂၇-၁-၂ဝ၁၃